သီတင်းကျွတ်လပြည့်နေ့ ဆီမီးပူဇော်ပွဲ ဓာတ်ပုံများ ကို ဓာတ်ပုံကဏ္ဍတွင် ၀င်ရောက်ကြည့်ရှု့နိုင်ပါပြီ...

သားတို့ အိမ်ပြန်ကြရအောင် အမေ

"ပေါ့ရင် အရသာမရှိဘူးနဲ့ ဒီနေ့ချက်တာ နည်းနည်းငန်တော့ မျိုမကျဘူးတဲ့။
ဘယ်လိုလုပ်ပေးရမလဲ"

အိမ်ထဲဝင်ဝင်ချင်း ထမင်းစားခန်းမှ လွှင့်လာတဲ့အသံက ဆီးလို့ကြိုတယ်။ သားကို
မြင်တော့ အမေက ခေါင်းငုံ့ပြီး ထမင်းဆက်စားတယ်။ မိန်းမက သူ့ကို
မျက်စောင်းနဲ့ ကြည့်တယ်။ အမေစားနေတဲ့ ဟင်းကို သူ မြည်းကြည့်ပြီး
ချက်ချင်း ထွေးထုတ်လိုက်မိတယ်။

"အမေ့ရောဂါက အငန်နဲ့ မတည့်ဘူးလို့ ပြောထားတယ် မဟုတ်လား"

"ဒါဆို ရှင့်အမေကို ရှင်ပဲချက်ကျွေးပေါ့" ခြေဆောင့်ပြီး သူမ ထွက်သွားတယ်။

သက်ပြင်းတစ်ချက်ကို သူခပ်ဖွဖွချရင်း...
"အမေ.. အဲတာတွေ မစားနဲ့တော့.. သား ခေါက်ဆွဲချက်လိုက်မယ်"

"သား... အမေကို သား ဘာပြောစရာရှိလဲ? ပြောစရာရှိတာ ပြောနော်သား..စိတ်ထဲ ထည့်မထားနဲ့"

"နောက်လကျရင် သားရာထူးတက်ပြီ အမေ။ သား ဒီထက် ပိုအလုပ်များတော့မယ်။
အမေ့ချွေးမကလည်း အပြင်ထွက် အလုပ်လုပ်ချင်တယ်တဲ့.. ဒါကြောင့်.. "

သား ဘာကိုဆိုလိုချင်မှန်း အမေသိလိုက်တယ်။

"သားရယ် အမေ့ကို လူအိုရုံ မပို့ပါနဲ့နော်"

တိုးလျှိုးတောင်းပန်စွာ အမေဆိုတော့ သားစိတ်မကောင်းဖြစ်ပြီး ခဏလောက်
နှုတ်ဆိတ်သွားတယ်။

"အမေ.. လူအိုရုံက မကောင်းတာ မဟုတ်ဘူး။ အမေ့ချွေးမ အလုပ်ရရင် အမေ့ကို
ပြုစုဖို့အချိန် ရှိတော့မှာ မဟုတ်ဘူး။ လူအိုရုံမှာ အမေ့ကို ပြုစုမယ့်လူ၊
ချက်ကျွေးမယ့် ၀န်ထမ်းတွေရှိတယ် အမေ။ အိမ်မှာထက်စာရင် ပိုကောင်းတာပေါ့
အမေရယ်"

"ဒါပေမဲ့.. သားရယ်..."

အမေ့စကားကို သူ မကြားချင်ဟန်ဆောင်ပြီး ရေချိုးခန်းဘက် ထွက်လာခဲ့တယ်။
သားအမိနှစ်ယောက် ခေါက်ဆွဲအတူစားပြီး စာကြည့်ခန်းထဲ သူဝင်ခဲ့တယ်။
ပြတင်းပေါက် အပြင်ဖက်ကို ငေးကြည့်ရင်း သူတွေဝေနေမိတယ်။ ငယ်ငယ်ရွယ်ရွယ်
မုဆိုးမဖြစ်ခဲ့ရတဲ့ အမေ၊ သားကို လူတစ်လုံးသူတစ်လုံး ဖြစ်အောင်
ကျွေးမွေးခဲ့တဲ့ အမေ၊ သားကို လူရာဝင်အောင် နိုင်ငံခြားအထိ ပညာသင်ခွင့်
ပေးခဲ့တဲ့ အမေ.. သားကို ကြီးပြင်းအောင် ကျွေးမွေးအနစ်နာခံခဲ့တာကို
အကြောင်းပြပြီး သားဆီက ဘာမှပြန်မမျှော်လင့်ခဲ့တဲ့ အမေကို အိမ်ထောင်ရေး
တည်မြဲဖို့ မိန်းမဆန္ဒကြောင့် လူအိုရုံပို့ရတော့မယ်။
သက်ပြင်းလေးလေးတစ်ချက် သူချလိုက်မိတယ်။ သား ရင်ထဲမှာ မချိလိုက်တာ
အမေရယ်...

"မင်းရဲ့ လက်ကျန်ဘ၀ကို မင်းအမေက အဖော်ပြုမှာ မဟုတ်ဘူး.. မင်းမိန်းမကပဲ အဖော်ပြုမှာ"

"မင်း အမေ အသက်ကြီးပြီကွာ။ နေလိုရရင် နောက်ထပ် ၄ . ၅ နှစ်ပေါ့။ အဲဒီ
နှစ်တိုတိုလေးမှာ အမေကို သေချာပြုစု ဂရုစိုက်ပါကွာ။ မရှိတော့မှ
ငါမကျွေးလိုက်ရပါလား? ငါ မမွေးလိုက်ရပါလားလို့ နောင်တမရနဲ့"

ပတ်ဝန်းကျင်က သူငယ်ချင်း မိတ်ဆွေတစ်ချို့ရဲ့ စကားသံကို ပြန်ကြားယောင်ရင်း
သူရှေ့ဆက် မတွေးရဲတော့ဘူး။

အမေ့အတွက် ငွေကုန်ကြေးကျများရင် ဂရုစိုက် ရိုသေရာရောက်တယ်လို့
ထင်မယ်ဆိုလည်း ထင်ကြတော့။ တောင်စွယ်နေကွယ်လုဆဲ ညနေခင်းတစ်ခု မြို့ပြင်မှာ
တည်ထားတဲ့ လူအိုရုံဆီ သူတို့ရောက်လာခဲ့တယ်။ လူအိုရုံရဲ့ဧည့်ခန်းကို
သူတို့ဖြတ်လျှောက်တော့ ၄၂လက်မ တီဗွီဖန်သားပြင်ပေါ်မှာ ဟာသကား
တစ်ကားပြနေတာကို တွေ့လိုက်တယ်။ ဒါပေမဲ့ ကြည့်နေတဲ့ ပရိသတ်ဆီက ဘာရီသံမှ
မကြားရဘူး။

ပုံစံတူ အင်္ကျီ၊ ပုံစံတူညှပ်ထားတဲ့ ဆံပင်နဲ့ လူအိုတစ်ချို့ ဆိုဖာပေါ်မှာ
စောင်းစောင်းရွဲ့ရွဲ့ ထိုင်နေကြတယ်။ ငူငူငိုင်ငိုင် ထိုင်နေတဲ့
အဘွားအိုတစ်ယောက် ပါးစပ်က တစ်တွတ်တွတ်ရွတ်နေတယ်။ တုန်ချိချိ အဘွားအို
တစ်ယောက် ကြမ်းပြင်ပေါ်ကျနေတဲ့ မုန့်ကို ကုန်းကောက်ဖို့ ကြိုးစားနေတယ်။
မြင်ကွင်းတွေကို သားအကြည့် လွဲပြီး နေရောင်ရတဲ့ အခန်းတစ်ခန်းကို
အမေ့အတွက် ရွေးလိုက်တယ်။ အခန်းပြတင်းပေါက်က အပြင်ကို လှမ်းကြည့်မိတော့
သစ်ပင်ရိပ်အောက်မှာ လက်တွန်းလှည်းနဲ့ နပ်စ်တစ်ချို့ကို တွေ့လိုက်တယ်။
ပျင်းရိပျင်းတွဲ ညနေခင်းရဲ့ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်မြင်ကွင်းက
မြင်ရသူအဖို့ ရင်နင့်စရာကောင်းလှတယ်။

"အမေ.. သား .. သွားတော့မယ်"
သူ့နှုတ်ဆက်စကားကို အမေ ခေါင်းညိတ်ပြတယ်။ တုန်ရီနေတဲ့
လက်နဲ့ဝှေ့ယမ်းပြတယ်။ သွားမရှိတော့တဲ့ ပါးစပ်ကို ဟပြီး တစ်ခုခုပြောဖို့
ကြိုးစားတယ်။ အမေ.. ဆံပင်တွေတောင် ငွေရောင်သမ်းခဲ့ပါပေါ့လား..
မျက်လုံးထောင့်က အရစ်ကြောင်းတွေတောင် နက်သထက် နက်ဝင်ခဲ့ပါပေါ့လား... အမေ
တကယ်အိုခဲ့ပါပေါ့လား....
သားတို့ အိမ်ပြန်ကြရအောင် အမေ

(၁)
အဲဒီတုန်းက သူ(၆)နှစ်။ ကိစ္စတစ်ခုကြောင့် အမေခရီးထွက်ရမယ်ဆိုလို့ သူ့ကို
ဦးလေးအိမ်မှာ ခဏ သွားအပ်ခဲ့တယ်။ ပစ္စည်းတွေယူပြီး အမေသွားဖို့ပြင်တော့
ကြောက်အားလန့်အားနဲ့ အမေ့ အင်္ကျီိကိုဆွဲပြီး သူအော်ငိုတော့တယ်။

" အမေ.. သားကို ခွဲမသွားပါနဲ့...အမေ သားကို ထားမသွားပါနဲ့"
ရှိုက်ကြီးတငင်ငိုနေတဲ့ သူ့ကို အမေ ထားမသွားရက်ခဲ့ဘူး။ အမေ့လက်ကို
ဆွဲပြီး ဦးလေးအိမ်က ထွက်လာတော့ ခြံတံခါးကို သူဆွဲပိတ်ခဲ့လိုက်တယ်။
သူ့ကို ထားခဲ့ဖို့ လာသွားတယ်ဆိုတဲ့ အိပ်မက်ဆိုးကြီး တစ်သက်လုံး
ကပ်ညှိမလာအောင် တံခါးဝဖက်ကို သူယောင်လို့တောင် လဲမကြည့်ခဲ့ဘူး။

(၂)
အိမ်ထဲ ၀င်လိုက်တာနဲ့ မိန်းမနဲ့ ယောက္ခမက အမေ့အခန်းထဲက ပစ္စည်းတွေကို
လွင့်ပစ်ဖို့ သိမ်းနေတာနဲ့ သွားတိုးတယ်။ ၂ပေမြင့်တဲ့ ဒိုင်းဆုတစ်ခု....
အထက်တန်းတုန်းက "ကျွန်တော်၏ မိခင်" ဆိုတဲ့ စာစီစာကုံးနဲ့ သူ ပထမဆုရထားတဲ့
ဒိုင်းဆုလေး။ အဘိဓာန် စာအုပ်တစ်အုပ်... အမေ့ချွေးနဲစာနဲ့ ၀ယ်ပေးခဲ့တဲ့
သူ့ရဲ့ ပထမဦးဆုံးသော မွေးနေ့လက်ဆောင်။ အကြောပြေ လိမ်းဆေးတစ်ဘူး...အမေ
အိပ်ရာမ၀င်ခင် လိမ်းတတ်တဲ့ဆေး... လိမ်းပေးမဲ့သူ မရှိဘဲ အမေ့ကို
ဒီဆေးပေးလိုက်တော့လဲ ဘာထူးမှာလဲ...

"တော်ပြီ.. မသိမ်းကြပါနဲ့တော့" သူ အော်လိုက်မိတယ်။
"ဒီလောက်များတဲ့ အမှိုက်တွေ မပစ်ထုတ်ရင် ငါ့ပစ္စည်းတွေ ဘယ်နားသွားထားရမလဲ"
ယောက္ခက စူးစူးဝါးဝါး ကြည့်ရင်း ပြန်အော်တယ်။

"ဟုတ်ပါ့.. အဲဒီကုတင်စုတ်ကြီးလည်း ပစ်ထုတ်လိုက်စမ်းပါ။ မနက်ဖြန်ကျမှ
အမေ့အတွက် သမီး ကုတင်အသစ်တစ်လုံး ၀ယ်ပေးမယ်နော်"

ကုတင်ခေါင်းရင်းမှာ ထောင်ထားတဲ့ ဓာတ်ပုံကို သူတွေ့လိုက်တယ်။ အဲဒီပုံက
သူ့ကို အမေ ကစားကွင်း လိုက်ပို့တုန်းက ရိုက်ထားတဲ့ပုံဖြစ်တယ်။
"ဒါတွေဟာ ကျွန်တော့်အမေရဲ့ အမွေတွေ... တစ်ခုမှ မပစ်နိုင်ဘူး"
"ဒါ ဘာအချိုးလဲ.. ဘာလို့ အမေ့ကို ပြန်အော်ရတာလဲ.. အမေ့ကို ချက်ချင်းတောင်းပန်လိုက်"

"မင်းကို ငါ လက်ထပ်ခဲ့တာနဲ့ မင်းအမေကို ချစ်ရမယ်ဆိုရင် ဘာဖြစ်လို့ ငါ့ကို
လက်ထပ်ခဲ့ပြီး ငါ့အမေကို မင်း မချစ်ခဲ့ရတာလဲ"

(၃)
မိုးရွာပြီးစမို့ ညက ပိုအေးစက်နေတယ်။ လူသူကင်းရှင်းတဲ့ လမ်းမပေါ်မှာ
ကားလေးတစ်စီး မြို့ပြင်က လူအိုရုံဖက် ဦးတည်ပြီး တရိပ်ရိပ်ပြေးနေတယ်။
လူအိုရုံရောက်တော့ ကားပေါ်က အမြန်ဆင်းပြီး အမေ့အခန်းဖက်
သူပြေးသွားလိုက်မိတယ်။ သူ့လက်ထဲမှာ အမေ အမြဲလိမ်းတတ်တဲ့
အကြောပြေဆေးဘူးကို တင်းတင်း ဆုပ်ကိုင်ထားတယ်။

"အမေ.. ဆေးကျန်ခဲ့လို့ သားလာပို့တာ"
အမေ့ကုတင်ရှေ့ သူဒူးထောက်ချလိမ့်မိတယ်။
"မိုးချုပ်နေပြီ သားရယ်.. မနက်ဖြန် အလုပ်ရှိသေးတယ် မဟုတ်လား..
ပြန်ပါသား.. ဆေးကို အမေ့ဘာသာ လိမ်းလို့ရတယ်"

"အမေ.... " သူ့အသံတွေ လည်ချောင်းဝမှာ တစ်ဆို့နေတယ်။
"အမေ သားကို ခွင့်လွတ်ပါ အမေ... သားတို့ အိမ်ပြန်ကြရအောင်နော်"
အိုမင်း ပိန်လှီနေတဲ့ အမေ့ခန္ဓာကိုယ်ကို တင်းတင်းလေး သူဖက်ထားလိမ့်မိတယ်။
သူ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေက အဆက်မပြတ် စီးဆင်းလို့...

"သားတို့ အိမ်ပြန်ကြရအောင် အမေ"

forward mail လေးကနေရထားတဲ့စာစုလေးပါ။ရေးသူအမည်မပါလာလို့ မဖေါ်ပြပေးနိုင်တာကိုတော့ခွင့်လွှတ်စေချင်တယ်။
လူအိုရုံလို့သုံးနုန်းတာရိုင်းတယ်ဆိုပေမယ့် ကျွန်တော်ကတော့ဒီအသုံးအနုန်းနဲ့ပါ နည်းနည်းထပ်ဖြည့်ရေးပေးချင်ပါသေးတယ်။
ခင်ဗျားတို့ကျွန်တော်တို့လိုသား/သမီးအရွယ်တွေမှာရင်ခွင်နှစ်ခုရှိတယ်ဗျ။ဆိုရ ရင် ပထမအရွယ်နဲ့ဒုတိယအရွယ်ထိပေါ့။မိဘရင်ခွင် အရိပ်အမြုံနဲ့အချိန်တန်အိမ်ထောင်ရက်သားကျသွားရင် ထပ်ရလာတဲ့ အိမ်သူဆိုတဲ့ကိုယ်ပိုင်မိသားစုရင်ခွင်။
ဒါပေမယ့် တတိယအရွယ်ရောက်လာရင်တော့ ခင်ဗျားလည်းလူအိုစာရင်းဝင်သွားပြီး ကျွန်တော်လည်းလူအိုစာရင်းဝင်သွားပြီ။
ဘိုးဘွားရိပ်သာအရွယ်တွေပေါ့။လူအိုတွေဖြစ်လာတဲ့အခါ ဥပေက္ခာမျိုးစုံကိုစတင်ရင်ဆိုင်လာရတော့မှာပါ။
မြန်မာနိုင်ငံမှာ မြန်မာလူမျိုးလာဖြစ်ရတဲ့အတွက် အထက်ပါဒုက္ခ တွေနဲ့ကင်းဝေးကောင်းကင်းဝေးနိုင်ပါလိမ့်မယ်။အိုကြီးအိုမ အရွယ်တွေ
ရဲ့အားငယ်စိုးရွံ့မှု၊လိုအပ်နေတဲ့နွေးထွေးမှုတွေကတော့ ဖြစ်လာနိုင် ရလာနိုင်ဖို့သိပ်မလွယ်လှပါဘူး။ဖြည့်စည်းပေးထားတဲ့
အလျှံပယ်စားကောင်းသောက်ဖွယ်တွေထက် ခင်ဗျားလိုအပ်နေတဲ့အရာပာာ အရေးတယူပြောဆိုဆက်ဆံစေချင်၊တိုင်ပင်နှီးနှောစေချင်၊
မိသားစုစကားဝိုင်းထဲမှာဝင်ဆန့်ချင်တာမျိုးဖြစ်လာနိုင်ဖို့သိပ်မလွယ်လှပါဘူး။ဒီတော့ခင်ဗျားအိပ်ယာလေးပာာ ခင်ဗျားရဲ့လူအိုရုံလေးဖြစ်မှန်းမသိဖြစ်လာတော့မယ်။လူအိုရုံဆိုတာ လူအိုတွေကြီးပဲစုပြုံထားမှမပာုတ်ပါဘူး။အိမ်လေးထဲက အခန်းတစ်ခန်းထဲမှာတင် အထီးကျန်အားငယ်နေကြရှာတဲ့ ကိုယ်ပိုင်လူအိုရုံတွေကလည်းဒုနဲ့ဒေးပါ။ လူအိုတွေရဲ့လူမှုဒုက္ခအထွေထွေ
ထဲမှာ အထက်ပါဇာတ်လမ်းလေးထဲကလို စိတ်ရှည်မှု့မပေးနိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေလေးတွေကလည်း တစ်မျိုးပေါ့။
ဆင်းရဲနွမ်းပါတဲ့လူအိုစုံတွဲ တစ်တွဲကိုကျွန်တော်ခပ်ငယ်ငယ်ကကြုံခဲ့ရဘူးတယ်။နှစ်ယောက်စလုံးကအသက် (၇၀)၀န်းကျင်အရွယ်တွေ။
သားသမီးပဲမရှိရှာတော့တာလား။ရှိသော်ငြားပစ်ပယ်ခံထားရတာလားမသိ။တောင်းစားနေတာတော့ကြုံခဲ့ဖူးတယ်။မျက်စိကလည်းသိပ်
မကောင်းရှာတော့ အမြဲပဲလက်တွဲပြီးတစ်ယောက်နဲ့တစ်ယောက် ဖေးကူးထားရတော့တာပေါ့။လက်ဖက်ရည်ဆိုင်လေးထဲကိုလာထိုင်တိုင်း
ဆိုင်ရှင်က အမြဲကုသိုလ်ယူဖို့လုပ်တယ်။ဒါပေမယ့်သူတို့ကလုံးဝလက်မခံပါဘူး။သူတို့အနေနဲ့ ဆက်လက်ရပ်တည်နိုင်သေးတယ်ဆိုတာ
သူတို့စားသောက်နေချိန်လေးမှာ သိထားဖို့လိုတယ်ထင်လို့လက်မခံတာလားဆိုတာတော့ခုမှပဲစဉ်းစားမိတာပါ။လက်ဖက်ရည်နဲ့အီကြာကွေးစားပြီး
တရွေ့ရွေ့နဲ့ဆိုင်ထဲကထွက်သွားတဲ့သူတို့ကိုကြည့်ရတာလည်းရင်နင့်စရာပါပဲ။သူတို့လို အဖိုးအို၊အဘွားအိုကြီးတွေဘယ်လောက်တောင်မှာများနေကြပြီလဲ။
ဘယ်သူ့ကိုမှအပြစ်မတင်ပဲ မျက်စိရှေ့မှာရှိတာကိုပဲပြင်လိုက်ကြရင်ကော အားလုံးအတွက်ဘယ်လောက်ကောင်းလိုက်မလဲ။
ပာုတ်တယ်လေ သူတို့သားသမီးတွေ သောက်သုံးမကျလို့မိဘတွေဒီလိုဖြစ်နေတာဆိုပြီး အသားလွတ်ဒေါပွနေရုံနဲ့တော့
ဘာမှဖြစ်လာမှာမပာုတ်ပါဘူး။လုပ်ပေးနိုင်တာဘာရှိမလဲ။ဘယ်လောက်လုပ်ပေးနိုင်မလဲဆိုတာလေးကိုပဲဝိုင်းတွေးကြရအောင်။
ဒါကြောင့် ပြောချင်တာကတော့ သင်တစ်နေ့အိုသောခါဝယ်
ခု သင်ဘာတွေပြင်ဆင်သင့်ပြီထင်သလဲပေါ့လေ...................


သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအတွက် ၀ိုင်းဝန်းဆွေးနွေးချင်တယ်ဆိုရင်တော့ အောက်ပါလင့်လေးကနေ၀င်ခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်
http://specialfriendsonline.ning.com/group/myanmaryouthdonationgrou...


http://www.facebook.com/note.php?created&&suggest&note_...


ကျေးဇူးတင်ပါတယ်

ဗေဒါ

ပရပိာတစာသင်နည်း

Posted by baydar Friday, December 11, 2009 0 comments

Community Service Learning ဆိုတဲ့စာသင်နည်းတစ်ခုကို ပရပိာတစာသင်နည်း လို့မြန်မာပြန်ပြီး ပရပိာတစာသင်နည်းလေးအကြောင်းကိုအောက်ပါအတိုင်းမိတ်ဆက်ပေးလိုက်ပါရစေ။
အမေရိကန် မက်ဆာချူးဆက်က K-8 ကျောင်းလေးတစ်ကျောင်းမှာ အများအကျိုးဆောင် ပရိုဂျက်(Community Service Project)တစ်ခုရှိသတဲ့။ဆောင်းဦးပေါက်မှာငါးတန်းနဲ့
ခြောက်တန်းကလေးတွေက သိုးမွေးဦးထုပ်လေးတွေလုပ်ပြီးအနွေးထည်လိုနေတဲ့ရပ်ကွက်ထဲက ကလေးတွေကိုဝေတဲ့ပရိုဂျက်ပေါ့၊ပရိုဂျက်ကအလွန်အောင်မြင်ပါတယ်။
ကျောင်းသားလေးတွေနည်းနည်းစက်ချုပ်တတ်သွားတယ်။ပိုအရေးကြီးတာကတခြားကလေးတွေမှာ
လိုအပ်နေတာကိုထိထိရောက်ရောက်နဲ့လက်တွေ့လုပ်ပေးလိုက်ရတာပါ။စာနယ်ဇင်းတွေကလည်း ကျောင်းသားတွေရဲ့အလှူကိုရေးကြတယ်။ဒါပေမယ့် ပရိုဂျက်အပြီး ဆရာတစ်ယောက်နဲ့ဆွေးနွေးတဲ့အခါမှာ တစ်ခုခုချော်နေသေးသတဲ့။ကျောင်းသားတချို့ကတကယ့်
အသိလေးကို "မရ"လိုက်ကြဘူး။ဆရာတွေခိုင်းလို့သာလုပ်လိုက်သာ သူတို့ကိုယ်တိုင်က လိုအပ်နေတာလေးတစ်ခုကိုကူညီရတာလို့မခံစားရဘူး၊ဒီပရိုဂျက်နောက်ကွယ်
က "အကြောင်း" ကိုနားမလည်ကြသေးဘူးတဲ့။ နယူးအင်္ဂလန်ဆောင်းဥတုအတွက် အနွေးထည်မတတ်နိုင်တဲ့ မိသားစုတွေရှိပါလားလို့သိစေမြင်စေချင်တာကိုကျောင်းသား
တချို့မသိလိုက်ဘူး။ပြီးတော့ ဒီပရိုဂျက်ကလည်းသူတို့ကျောင်းသင်ခန်းစာနဲ့လည်းဘာမှမပတ်သက်ဘူး။
တကယ်တော့ပရပိာတအလုပ်နဲ့ ပရပိာတစာသင်နည်းကအဲနေရာမှာကွာတာပါ။ပရပိာတ စာသင်နည်းက ပရပိာတအလုပ်နဲ့ကျောင်းသင်တန်းပေါင်းစပ်ပေးရမှာပါ။ကျောင်းသားတွေကိုတက်တက်ကြွကြွ သင်ယူနေသူတွေဖြစ်လာစေလျက်တစ်ပြိုင်နက်မှာပြည်သူ့နီတိကိုလည်းသင်ကြားပေးတာကို ပရပိာတ
စာသင်နည်းလို့ခေါ်ပါတယ်။ဒီနည်းမှာ"အများအကျိုးဆောင်ခြင်းနဲ့ သင်ယူခြင်း" ရည်ရွယ်ချက်နှစ်မျိုးရှိပါတယ်။အဲ ရည်ရွယ်ချက်နှစ်မျိုးပေါက်မြောက်ရဲ့လားလို့ကြည့်ရမှာပါ။
ဒီလိုသင်နည်းပာာ အရင်ကလည်းရှိပါတယ်။သို့သော် တစ်နေရာစီပြန့်နေလို့ပါ။ယခုတော့ ၁၉၉၀ ခုနှစ်ကတည်းက အမေရိကန်မှာဖယ်ဒရယ်အစိုးရကကော်မရှင်တစ်ခုဖွဲ့ပါတယ်။
အမျိုးသားအကျိုးဆောင်ကော်ပိုရေးရှင်း(Corporation for National Service) ဖွဲ့ပြီးပရပိာတစာသင်နည်းက ပရိုဂျက်တွေကိုအထောက်အပံ့ပေးပါတယ်။
၂၀၀၁ မှာပြည်နယ် ၆ ခု၊နောက်ထပ်ပြီးတော့ ပြည်နယ် ၇ ခုကကျောင်းတွေမှာ စာမေးပွဲအောင်ဖို့ လိုအပ်ချက်တစ်ခုအနေနဲ့ အကျိုးဆောင်စာသင်နည်းကိုထည့်ပါတယ်။ကဲလော့ဖောင်ဒေးရှင်းလို ပြင်ပအဖွဲ့အစည်းတွေကလည်း ရန်ပုံငွေထည်ဝင်ကြပါတယ်။အစိုးရကျောင်းတွေရဲ့ ၃၂ ရာနုန်းကပရပိာတ
စာသင်နည်းကိုလုပ်ဆောင်နေကြတယ်လို့ဆိုပါတယ်။ဒီနည်းမှာ ကျောင်းသားတွေပာာအလုပ်လုပ်ရတယ်။ရပ်ကွက်ကစားကွင်းကိုသန့်ရှင်းရေးလုပ်နေတာဖြစ်စေ၊
ဘုန်းတော်ကြီးတွေစောင့်ရှောက်ထားတဲ့မိဘမဲ့ကလေးစာသင်ကျောင်းမှာစာသွားပြသည်ဖြစ်စေ ကိုယ် ကိုယ်တိုင်ပါဝင်လုပ်ကိုင်တာကိုတောင်းဆိုတဲ့နည်းဖြစ်ပါတယ်။မလှုပ်မယှက်ခံစားရ
ုံသက်သက်စာသင်သား(Passive Learners) တွေမပာုတ်တော့ဘဲ၊ပြင်ပကမ္ဘာကြီးရဲ့ပြဿနာတွေက
ိတွေ့ကြုံဖြေရှင်းတဲ့အတွေ့အကြုံယူသူတွေ
ွဖြစ်သွားတာပေါ့။ကလေးတွေကို သစ်ပင်လေးတွေအစိုက်ခိုင်းတဲ့ ပရိုဂျက်ဆိုပါစို့။မျိုးစေ့ အကြောင်း၊မြေသြဇာအကြောင်း၊မြေ၊ ရေ ၊နေ အကြောင်း
စာအုပ်တွေဖတ်ရမယ်ရေလောင်း ၊ပေါင်းသင်ရမယ်။သိပ္ပံအကြောင်းနဲ့ ဘောဂဗေဒကိုမိတ်ဆက်ပေးလို့ရတယ်။ရေရှည်လုပ်ရတာ စိတ်ရှည်ရတာကသိလာဖို့များတယ်။
ကျောင်းသားတွေအနေနဲ့သူတို့ပာာလူ့အသိုင်းအဝန်းရဲ့အစိတ်အပိုင်းတစ်ခုပဲလို့သိလာတယ်။
ကျောင်းသားတွေက"လူအသိုင်းအဝန်း(community)ဆိုတာဘာလဲ"ကိုသဘောပေါက်လာတယ်။
ကျောင်းသားတွေရဲ့လူ့အသိုက်အဝန်းက ၂ မျိုးရှိလာတယ်။တစ်ခုကကျောင်းစာသင်ခန်း၊
နောက်တစ်ခုကသူတို့အကျိုးဆောင်ပေးတဲ့ရပ်ကွက်။ဆရာတွေ၊ကျောင်းသားတွေအချင်းချင်း
၊ရပ်ကွက်နေပြည်သူတွေနဲ့ အတူတူလုပ်ရင်းကအစုအသင်းစိတ်ဓါတ်ရှိလာတာပေါ့။
မည်သည့်ပညာရေးရာဆောင်ရွက်သူမဆို"ကလေးတွေပာာလည်းအကောင်းအမွန်တွေလုပ်ချင်တဲ့ ဆန္ဒရှိကြတယ်။အခွင့်အလမ်းတွေရှိရင်လုပ်ကြမှာပဲ"လို့သဘောတူညီကြတယ်။အကျိုးဆောင
်စာသင်နည်းတွေပာာ အဲဒီအခွင့်အလမ်းကိုပေးအပ်ပါတယ်။ကလေးသူငယ်တွေမှာ လူမှုရေးစိတ်ဓါတ်ထွန်းကား
အောင်လုပ်ပေးတာ။လှုမှုကျင့်ဝတ်(Social respons-ibility)ကိုပျိုးထောင်ပေးတာပါ။
အိုင်အိုဝါ၊စင်စီနတီမြို့မှာ ပထမတန်းကလေးတွေပာာ အယ်လ်ဇိုင်းမားရောဂါယူနစ်ကိုသွားပြီးလည်ကြတယ်။ကလေးတွေသာမက မိဘတွေပါ(ပရိုဂျက်
ပြီးသော်လည်း)ရောဂါသည်လူအိုကြီးတွေထံအလည်အပတ်ဆက်လုပ်ကြသတဲ့။
မက်ဆာချူးဆက်၊ပာဒ်ဆန်မြို့ကလေးတန်းကျောင်းသားတွေပာာအနားကစိမ့်မြေတောကလေးကို ထိန်းသိမ်းဖို့ လေ့လာကြသတဲ့။တချို့ကလေးတွေပာာပတ်ဝန်းကျင်
ထိန်းသိမ်းရေးမှာစိတ်ဝင်စားတဲ့ကလေးတွေဖြစ်သွားတယ်။
ပာာဝိုင်ယီမှာတော့ ကျွန်းပေါ်ကမီးတောင်တွေကိုလေ့လာကြတယ်။တစ်ကယ်တော့ မီးတောင်ဖြစ်စေ၊စိမ့်အိုင်ဖြစ်စေ အတူတူပါပဲ။လူငယ်တွေကိုစိတ်ဝင်စားစရာတစ်ခုခု နိုးဆွတဲ့အကျိုးသက်ရောက်မှု ရှိမှာပေါ့။ဒါလေးကတော့ "ဆရာကိုတာ" ရေးတဲ့ "အခြားတစ်ဖက်မှဆင်ခြင်ရန်အကြောင်းများ"ဆိုတဲ့စာအုပ်လေးထဲက ကောက်နုတ်ဖေါ်ပြပေးထားတာပါ။
ဆရာစာအုပ်အမည်လေးအတိုင်းပဲ ကျွန်တော်တို့အနေနဲ့ ဆက်လက်ပြီးဆင်ခြင်သုံးသပ်စရာတွေကိုဝိုင်းစဉ်းစားကြည့်ရအောင်။တကယ်တော့
ကျွန်တော်တို့မြန်မာလူမျိုးဆိုတာ အခြေခံပရပိာတစိတ်ဆိုတာမွေးရာပါ ဖြစ်ပေါ်လာတဲ့စိတ်လို့ ပြောလို့ရပါတယ်။သူသူငါငါကိုယ့်ရှေ့မှာ အမြင်မတော်
တာမျိုးကိုတွေ့ရင်ဝိုင်းဝန်းကူညီပြီးဖြေရှင်းပေးလိုက်ကြတဲ့စိတ်ဓါတ်အရင်းခံအကျင့်ကောင်းလေးတွေက လူတိုင်းရဲ့လုပ်ရိုးလုပ်စဉ်လိုတောင်ဖြစ်နေပါပြီ။ဒါပေမယ့်အဖွဲ့အစည်းပုံစံမျိုးနဲ့လုပ်ဆောင်ရာမှာတော့ အဖွဲ့ ဆိုတဲ့စည်းလုံးညီညွတ်မှုစိတ်ဓါတ်မျိုးနဲ့ကျင့်သားမရကြသေးတဲ့ အနေအထားမျိုးတွေတွေ့
နေရပါသေးတယ်။ပြီးတော့အခုလိုကလေးတွေရဲ့လုပ်ဆောင်နိုင်မှုစွမ်းရည်ကိုမြှင့်တင်ပေးတဲ့
ပတ်ဝန်းကျင်ကောင်းတွေလည်းအများကြီးလိုအပ်နေပါသေးတယ်။သစ်တစ်ပင်စိုက် ဆိုရုံနဲ့ကတော့ အလုပ်မဖြစ်ပါဘူး။ဘာကြောင့်သစ်ပင်စိုက်ခိုင်းတယ်ဆိုတဲ့အကြောင်းအချက်ကိုကလေးတွေသိအောင် ဆွေးနွေးမှုပုံစံလေးနဲ့ သွားဖို့လည်းလိုပါသေးတယ်။သဘာဝပတ်ဝန်းကျင်အတွက် ဒီသစ်ပင်လေးကဘယ်လိုအသုံးဝင်တယ်ဆိုတဲ့အကြောင်းလေး၊ကမ္ဘာကြီးပူနွေးလာ
မှု၊ဖန်လုံအိမ်အာနိသင်၊ဂေပာစနစ်စတာတွေကိုကလေးတွေနားလည်အောင်ရှင်းပြပေးရမယ်။
မေးခွန်းတွေကိုကြိုဆိုရမယ်။မမေး၊မေးချင်လာအောင်စိတ်ဝင်စားလာအောင်ဆွေးနွေးပေးရမယ့်
ဆရာတွေအနေနဲ့ ဘယ်လောက်အတိုင်းအတာထိ လေ့လာသင့်မလဲ။သစ်ပင်စိုက်ပွဲတွေနဲ့ မကြာခဏ ကြုံဖူး
ကြမှာပါ။ကျွန်တော်ရှစ်တန်းနှစ်မှာသစ်ပင်စိုက်ဖူးတယ်။ကျောင်းမှာပေါ့။ဘာအပင်စိုက်လည်း
ဆိုတာလည်းမသိဘူး။ဘာကြောင့်စိုက်ရတယ်ဆိုတာလည်းဘယ်သူမှမရှင်းပြကြဘူး။ကျောင်းပိတ်ရက်မှာ ပျော်ပျော်ပါးပါးနဲ့သစ်ပင်စိုက်၊ပြီးတော့ဓါတ်ပုံလေးဘာလေးရိုက်ပေါ့။တစ်ကျောင်းလုံးကသစ်ပင်တွေ
စာသင်နှစ်မကုန်ခင်မှာပဲ ပျက်စီးသွားတယ်။ဆိုလိုတာက ရည်ရွယ်ချက်မှန်နေရင်၊လုပ်ရပ်လေးပါစနစ်ကျအောင်ထပ်လုပ်ရမယ်၊လုပ်ရပ်ပါကောင်းသွားရင် ခေါင်းထဲစွဲနေတဲ့အချက်အလက်လေးတွေကလေးတွေကိုထည့်ပေးနိုင်ရမယ်။ဒါမှ သူကြီးပြင်းလာတဲ့တစ်နေ့ သူနဲ့ သူပတ်ဝန်းကျင်ကိုပြန်အကျိုးပြုနိုင်သွားမယ်လေ။
ခုခေတ်ကလေးတွေကအလွန်အစွမ်းထက်ကြပါတယ်။သူတို့သိချင်စိတ်ရှိလာတဲ့အရာတစ်ခုနဲ့
ပတ်သတ်လာရင်ဆင့်ပွားမေးခွန်းမျိုးစုံကမထင်မှတ်တဲ့ ရှု့ထောင့်မျိုးစုံကနေထွက်လာတတ်ကြတယ်။
အရေးကြီးတာတစ်ခုကတော့ ကလေးတွေစိတ်ပျက်သွားလောက်အောင်ဘာတစ်ခုမှမလုပ်မိစေဖို့ပါပဲ။
သူတို့ရဲ့စိတ်ဝင်စားမှုအတိုင်းအတာကို ထပ်ပြီးမြှင့်တင်ပေးနိုင်ဖို့ပဲလိုတယ်။ဒီအတွက်အလိုအပ်ဆုံးအရာက ကလေးတွေနဲ့အချိန်ပေးပြီးစကားပြောပေးဖို့ပါပဲ။သူတို့ကိုအလေးထားကြောင်းပေါ်လွင်စေရမယ်။သူတို့ကို အရာသွင်းပြီးသူတို့ရဲ့အကြံညဏ်လေးတွေကိုလိုအပ်နေကြောင်းပြောပြပေးရမယ်။
ကမ္ဘာပေါ်မှာကလေးသူငယ်တွေနဲ့ပတ်သတ်တဲ့အဖွဲ့အစည်းတွေအများကြီးရှိပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ရှိတန်သလောက်ရှိပါတယ်။အားလုံးပာာ ကိုယ်ထူကိုယ်ထနဲ့တကယ်ကလေးတွေကိုတန်ဖိုးထားတဲ့အဖွဲ့တွေပါ။အားလုံးရဲ့တူညီတဲ့ရည်မှန်းချက်က ကလေးငယ်တွေကို စိတ်ဓါတ်မြှင့်တင်ပေးနိုင်ဖို့ပါပဲ။နွမ်းပါတဲ့ကလေးဖြစ်စေ၊ပြည့်စုံနေတဲ့ကလေးဖြစ်စေ စိတ်ဓါတ်ရေးရာအားနည်းနေရင် ဘယ်လိုမှထင်တိုင်းမပေါက်နိုင်ပါဘူး။
လူမှုအသိုင်းအဝန်းပတ်ဝန်းကျင်တွေကလည်းကလေးတွေရဲ့စိတ်ကိုအများကြီးလွှမ်းမိုးထားပါတယ်။
ရုပ်ဝတ္တုတွေပံ့ပိုးတပ်ဆင်ပေးလိုက်နိုင်တဲ့အတွက်
ကျွန်တော်တို့မိမိတို့ကိုယ်မိမိတို့အားရကျေနပ်မှုတို့ဖြစ်လာစေပါတယ်။ဒါပေမယ့် အရေးကြီးဆုံးလို့ဆိုတဲ့ ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကိုတော့ကျွန်တော်တို့လစ်လျူရှု့ထားမိနေတယ်။
လက်တွေ့လောကကြီးမှာ မိဘအများစုကဒါမျိုးပြဿနာကိုကြုံတွေနေကြရတယ်။ဆက်လက်ပြီး
ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့တွေအထိ ရိုက်ခက်လာခဲ့ရင်ကော။
ကဲ ...ဒီတော့ အခြားတစ်ဖက်မှဆင်ခြင်ရန်အကြောင်းတွေက များသထက်များလာခဲ့ပြီဆိုပါတော့......


ကျေးဇူးတင်ပါတယ်

ဗေဒါ

Ref: ကိုတာ ရဲ့အခြားတစ်ဖက်မှဆင်ခြင်ရန်အကြောင်းများ စာမျက်နှာ(၁၄၃-၁၄၉)....

ဂျက်ဖရီက သူ့ကျောင်းသားတွေကို သူ့အတွေ့အကြုံတစ်ခုကို ဥပမာပေးပြီး ပောာပြောပို့ချလေ့ရှိတယ်။သူကျောင်းသားဘဝတုန်းက သတ္တဗေဒ
လက်တွေ့စာမေးပွဲကိုအောက်ပါအတိုင်း ဖြေခဲ့ရသတဲ့။
သူကျောင်းက ပာားဗတ်ကောလိပ်၊လက်တွေ့စာမေးပွဲဖြေရတဲ့နေရာက အောက်မေ့ဖွယ်ခန်းမ၊အခန်းက ဘောလုံးကွင်းလောက်အကြီးကြီး၊အပြင်
မှာ နှင်းမုန်တိုင်းကျနေတယ်။အထဲမှာ အပူပေးကိရိယာမရှိဘူး။စာမေးပွဲဖြေသူတစ်ဒါဇင်တည်း။အဲသလိုအခြေအနေမှာ အခန်းစောင့်တဲ့သူက ရှေ့
တံခါးကိုဖွင့်ပေးထားတော့ အရမ်းအေးတာပေါ့။
"မင်းတို့ရဲ့နောက်ဆုံးစာမေးပွဲ"
"ဒီစားပွဲပေါ်မှာတင်ထားတဲ့ငှက်နမူနာကိုကြည့်ပြီး ငှက်ရဲ့ လက္ခဏာတွေကိုဖေါ်ပြရမယ်။အဲဒီငှက်ဆောင်းခိုပုံ၊နေ့စဉ်စားသောက်ပုံ၊မိတ်လိုက်ပုံ၊
သူတို့အချင်းချင်းဆက်သွယ်ပုံ၊ပူးပေါင်းနေထိုင်ပုံ ဖြစ်နိုင်ရင်အဲဒီငှက်ရဲ့ မျိုးစိတ်၊မျိုးရင်းကိုဖေါ်ပြဖို့ပဲ။(၄)နာရီအချိန်ရတယ်။နမူနာကိုကြိုက်သလို
ကြည့်နိုင်တယ်။သို့သော် ငှက်ကိုထုပ်ထားတဲ့ပလပ်စတစ်အိတ်ကိုတော့မဖြည်ရဘူး"လို့အခန်းစောင့်ကညွှန်ကြားတယ်။
ငှက်ကိုပလပ်စတစ်အိတ်နဲ့ ထုပ်ထားတော့ ပလပ်စတစ်အိတ်အောက်ဘက်ကထွက်နေတဲ့ ခြေထောက်နှစ်ချောင်းနဲ့ ငှက်ခြေသည်းတွေ၊ပြီးတော့
ဘေးဘက်ကထွက်နေတဲ့ငှက်တောင်မွေးတွေ...ဒါပဲမြင်ရတယ်။အကောင်ဘယ်လောက်ကြီးမယ်၊ပုံပန်းသဏ္ဍန် ဘယ်လိုနေမယ်ဆိုတာလောက်တော့
မှန်းလို့ရတယ်။ဒါလောက်ပဲ။ကျောင်းသားပာာ (၄)နာရီကြာကြာ ဘာတွေရေးပြီး ဘယ်လိုဖြေမလဲ။
ဘာလို့မမြင်အောင်အိတ်နဲ့ထုပ်ထားသလဲ။ဒါသက်သက်ညစ်တာပဲ။အဓိပ္ပါယ်မရှိဘူး။အဲသလိုထင်စရာပဲ။တစ်နာရီလောက်ကြာတော့ ကျောင်းသား
တစ်ယောက်က ပေါက်ကွဲတော့တာပဲ။စာမေးပွဲစောင့်တဲ့ ဆရာဆီသွားပြီး"ဒီစာမေးပွဲကို ကျုပ်ကတော့မဖြေတော့ဘူး။အဓိပ္ပါယ်မရှိဘူး။စော်ကား
တာ။ကျုပ်တို့ ဒီဆီမက်စ်တာမှာ နာရီပေါင်းများစွာအချိန်ကုန်ခဲ့ရတယ်။ငွေပေါင်းများစွာလည်း ကျုပ်မိဘတွေကုန်ခဲ့ရပြီ"လို့ပြောတယ်။စာမေးပွဲစောင့်
သူက"ဒါ ခင်များရဲ့ဖိုင်နယ်စာမေးပွဲ၊ဖြေဖို့ပဲရှိတယ်"လို့ ပြန်ပြောတယ်။သို့သော် ခုန ပေါက်ကွဲတဲ့ကျောင်းသားက ဆက်မဖြေတော့ပဲ စာမေးပွဲခန်းမ
ကြီးရဲ့အပြင်ဘက်ကိုထွက်သွားတယ်။ဂျက်ဖရီပို့ နဲ့အခြားကျောင်းသားတွေကတော့ စမ်းတဝါးဝါးနဲ့ပဲဆက်ပြီးဖြေတယ်။
ဂျက်ဖရီပို့ပာာ ပာားဗတ်တက္ကသိုလ်က ပါမောက္ခပါ။သူက အီး-စီးပွားရေး(အီး-ကော့မာ့စ်)အကြောင်းစာသင်ရင်း အထက်ပါ စာမေးပွဲအတွေ့အကြုံ
ကိုပောာတာပါ။
ဆိုလိုချင်တာကတော့ လူသားအားလုံးအတွက် ဘဝဆိုတာ ဂျက်ဖရီပို့ ဖြေခဲ့ရတဲ့ ထုပ်ထားတဲ့ငှက်ပဲ။ဘဝတစ်လျောက်လုံးမှာကျွန်တော်တို့
အားလုံးကြုံတွေ့ကြရမယ့် လူမှုရေး၊စီးပွားရေး နဲ့အထွေထွေ၊အခြေအနေ အစုစုတို့မှာသေချာတယ်ဆိုတာ မရှိ။အာမခံဆိုတာမရှိ။ဆုံးဖြတ်ချက်
တွေချပြီးလုပ်ရတဲ့အခါ မျိုး၊ဆုံးဖြတ်ချက်ကြီးကြီးပဲဖြစ်စေ မပြည့်စုံတဲ့ အချက်အလက်အပေါ်မှာ ချရတာချည်း။အချက်အလက်တွေက အမှားတွေ
လည်းဖြစ်ချင် ဖြစ်နေတတ်တယ်။လောကကြီးကလည်း ပွက်ပွက်ညံနေပြီး စိတ်ပျံ့လွင့်အောင် ပိာုသည်တွေးအောင်လုပ်နေသေးတယ်။
ထုပ်ထားတဲ့ငှက်တစ်ကောင်လိုပါပဲ။တကယ်တော့ အကုန်အစင်ဘယ်တော့မှ မမြင်ရဘူး။ကိုယ်အရင်ကဆည်းပူးထားသမျှဗပာုသုတ၊အတွေ့
အကြုံနဲ့ ဗီဇစိတ်ကိုပဲသုံးပြီး ဖြေရှင်းရတာပဲ။မမြင်ရအောင် ရှေ့ကကွယ်နေတာတွေက လောကကြီးရဲ့ဝရုန်းသုန်းကားဖြစ်နေမှု၊အနီးပတ်ဝန်း
ကျင်က ကျိုးကြောင်းမညီညွတ်ဖြစ်နေမှုတွေ၊ပြီးတော့ အေးစက်နေပြီး မျက်နှာသာမပေးတဲ့အခြေအနေ......

ဘဝကိုဆက်လက်ချီတက်ဖို့ လိုအပ်တာကတော့ဆင်ခြင်စဉ်းစားပြီးမှ ရရှိထားတဲ့ ယုံကြည်မှုပဲ။
အခန်းအပြင်ဘက်ထွက်ပြေးသွားတာ သို့မပာုတ် ရှိပြီးအခြေအနေနဲ့ပဲနေလိုက်တာမျိုးကတော့လွယ်တယ်
ခြားနားသွားအောင်တစ်ခုခုလုပ်လိုက်ဖို့ကတော့ ကိုယ်ဥာဏ်၊ကိုယ့်အရည်အချင်းကိုယုံကြည်ဖို့၊ကိုယ်လုပ်တဲ့ပာာ ကောင်းတယ်
မှန်တယ်လို့ယုံကြည်မှု လိုအပ်တယ်။ကိုယ်လုပ်တဲ့ကိစ္စပာာ ကောင်းတယ် မှန်တယ်လို့ ယုံကြည်မှုပာာ မိမိကို ကိုယ့်အတွင်းထဲက လမ်းပြနေမှာပါ။


"ကိုတာ"ရေးသားပြီး "မုံရွေးစာပေတိုက်"ကနေ (၂၀၀၅)ဇူလိုင်လမှ ပထမအကြိမ်အဖြစ်ထုတ်ဝေဖြန့်ချီထားတဲ့
"အခြားတစ်ဖက်မှ ဆင်ခြင်ရန်အကြောင်းများ"စာအုပ်မှ ကောက်နုတ်ဖေါ်ပြပါသည်။


ကျေးဇူးတင်ပါတယ်

ဗေဒါ

ဆံပင်နီကျင်ကျင်တို့က အုန်းဆီနဲ့ ရက်ရှည်လများဝေးနေကြရသည့်ပာန်။အထွေးလိုက်ကျဝဲ

နေတဲ့ ဆံနွယ်မျှင်အကြား နွမ်းလျလျအပြုံးတစ်ချို့က အတင်းပာန်လုပ်ထားသည့်နှယ်။

ပူလောင်ပြင်းပျစွာ ကွင်းခေါင်ခေါင်အတွက် နေရောင်ပူတို့ကလည်း အိပ်သွန်ဖါမှောက်။

ချွေးစီးကြောင်းတို့က သနပ်ပြင်ဘဲကြားကို ခုပ်ထွင်သွားသည့် လယ်ထွန်စက်သို့ အလား။

သူတို့လေးတွေရဲ့မျက်ဝန်းတို့မှာတော့ မျှော်လင့်ချက်တစ်ချို့ တောက် စို့လို့နေသည်။

အိကနဲ ညွတ်ခွေသွားသည့် ဝါးကြမ်းခင်းလေးကို ကျွန်တော် နောက်တစ်လှမ်း မလှမ်းဝံ့ခဲ့

တော့ပါ။ပြူးကြောင်ကြောင် ဒုတိယတန်းအသိလေးနဲ့ ညဏ်မှီသလောက်လှမ်းကြည့်နေရှာတဲ့

မျက်ဝန်းအစုံတို့ကို ကျွန်တော်လိပ်ပြာမလုံစွာတောင်းပန်တိုလျိုရင်း“ပညာသင်ချင်တဲ့ကလေး

တွေကအများကြီးကွ၊ဘုန်းကြီးရဲ့အခြေအနေကလည်း ဒကာတို့မြင်တဲ့အတိုင်းပဲ” ကြက်သေသေနေရာမှ ဦးပဉ္စင်းရဲ့စကားသံကြောင့် အထိပ်တလှန့်နဲ့“တင်ပါ့ ဘုရား”

အလိုက်သင့်ပြန်လျောက်လိုက်မိတယ်။“ဒါက နှစ်တန်းကလေးတွေ၊ကျောင်းဘေးအဖီလေးမှာ

အရိပ်ခိုနေတဲ့ကလေးတွေက သူငယ်တန်းနဲ့၊တတိယတန်းကလေးတွေ၊ခုနကျောင်းပေါ်တင်

ထားတာက လေးတန်းကလေးတွေလေ”ဘုန်းကြီးညွှန်ပြတဲ့ လေးတန်းကလေးတွေက နေရာ

အခက်ခဲကြောင့် ကျောင်းဘေးအဖီလေးထဲ ပြွတ်သိပ်တိုးကြပ်စွာရောက်ရှိသွားတဲ့ကလေးငယ်

တွေပါ။ကျွန်တော်တို့အဖွဲ့မရောက်ခင်တစ်နာရီလောက်ကြိုစောင့်နေရတဲ့ ကလေးတွေက တဲကျောင်းငယ်လေးရဲ့ ဘေးဝဲယာဝန်းကျင်မှာ အစီအရီ။လက်ထဲမှာ ကလေးစာစောင်၊ကလေး

ဂျာနယ်အချို့ကိုင်ဆောင်ရင်း ဘယ့်အတွက်ကြောင့်နေပူစပ်ခါးထဲ ရပ်စောင့်နေရသည်ကိုဝေခွဲ

မရသည့် ပာန်အတိနဲ့။ညစ်ထပ်ထပ်ကျောင်းဝတ်စုံတို့ကြား ခြေဗလာနဲ့ကလေးငယ်တွေက

လည်း ဒုနဲ့ဒေး။ဒါ ရန်ကုန်ပါလို့ ကျိန်တွယ်ပြီးပြလိုက်ချင်တယ်။လယ်ကွင်းတွေနဲ့ရန်ကုန်၊

ရန်ကုန်လယ်ကွင်းပြင်ကသီးခြားကမ္ဘာလေးပါ။ဦးပဉ္စင်းက ဆက်ပြီး …

“ရောက်စကများဆိုရင် တကယ့်ကိုလွင်တီးခေါင်ခေါင်၊လယ်ကွင်းထဲဆိုပေမယ့် လယ်စိုက်စားတဲ့အိမ်လည်းတစ်အိမ်မှမရှိ။ကျူးကျော် ပျံကျသမားတွေပဲ စုနေတဲ့ ရပ်ကွက်လေးပေါ့။ကျုပ်လည်း ငယ်ကငယ်သေးဆိုတော့ငါမနေနိုင်ဘူးပြန်ပြေးမယ်ဆိုပြီး

တောင်စဉ်းစားမိသေးတာ”စကားကိုခဏရပ်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

နောက် ကလေးတွေကို ပီတိမျက်လုံးတွေနဲ့ ဝေ့ဝဲကြည့်နေရင်းက မျက်ဝန်းတို့သည်

ပိာုးအဝေးဆီသို့ ငေးရီလျက်…“ဆဲသံ၊ဆိုသံ စီကနဲရန်ဖြစ်သံတွေနဲ့ ရပ်ကွက်ဆိုတော့

ရောက်စက ဘာလုပ်လို့ဘာကိုင်ရမှန်းကိုမသိတာ။နောက်တော့မှဒီနေရာ

ဝန်းကျင်လေးအတွက်သောက်သုံးရေအတွက်ကော၊တစ်ကိုယ်ရေသန့်ရှင်းမှုအတွက်ပါ

ခုလိုနွေဦးပေါက်လာရင် အခက်ခဲဖြစ်မှန်းသိတော့ စက်ရေတွင်း နှစ်တွင်းတူးပြီး ရေဒါနအလှူအရင် စလုပ်ဖြစ်တယ်။နောက်ကျောင်းဖွင့်ရာသီရောက်တော့လည်း

ကျောင်းမအပ်နိုင်တဲ့ကလေးနဲ့ ၊စာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ပြီး ကလေးထိန်း၊အိမ်အကူ

လုပ်ရမယ့်ကလေးတွေကိုမြင်ရတော့ အရမ်းစိတ်မကောင်းဖြစ်သွားတယ်။ဒါနဲ့ထူးပါဘူးလေ

ဆိုပြီး သက်ဆိုင်ရာကိုခွင့်ပြုချက်တောင်းပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆိုပြီး စလုပ်

မိပါလေရော။ကဲ…ရပ်ကွက်ထဲကကျောင်းတက်ချင်တဲ့ကလေး၊စာသင်ချင်တဲ့ကလေးတွေ

စာရင်းပေးနိုင်ပါပြီဆိုပြီးစခေါ်လိုက်တဲ့နေ့မှာပဲ…အားလားလား…လာလိုက်ကြတာ(၃၅၀)ကျော်

လို့(၄၀၀)နီးပါးလောက်ကိုဖြစ်သွားပါလေရော။ဒါတွေအကုန်လုံးသာလက်ခံလိုက်ရင်တော့

ကျောင်းပါပြိုပြီး ဘုန်းကြီးလည်းနေစရာမရှိဖြစ်တော့မှာပဲဆိုပြီး ခေါက်ချိုးချ၊မဲစနစ်နဲ့လက်ခံ

လိုက်တာ ကလေးစုစုပေါင်း(၁၈၀)ယောက်၊အဲ့ ထဲကမှ (၆၀)ယောက်ကို ဘုန်းကြီးထောက်ပံ့

ပေးပြီးအတန်းကျောင်းပို့၊ကျန်တဲ့ ကလေးတွေကိုဒီမှာသင်နဲ့လုပ်ရတော့တယ်။စာရေးခုံဝေလာ

ဝေးလို့ ကျောက်သင်ပုန်းတောင်မှ အတန်းစုံအောင်မရှိဘူး။ခဲတံအသစ်ဆိုတာ မသုံးဖူးသေးတဲ့

ကလေးတွေလည်း ဒီမှာအများကြီး၊ခု ဒကာတို့လာလှူမှပဲ ဒီကလေးတွေ ဗလာစာအုပ်ဒါဇင်

လိုက်စကိုင်ဖူးတာကွ..”မချိတင်ကဲ မိန့်ကြားနေတဲ့ ဦးပဉ္စင်းလေးက မောသွားလေလားမသိ၊

စကားရပ်သွားသည်။

မနက်စောစောထဲက လာစောင့်နေရှာတဲ့ကလေးငယ်တွေ နေပူ၊လေပူထဲမှာ မြေကြီးကို

ဖင်ခုထိုင်လို့ မည်မျှကြာအောင်ပင်ပန်းကြီးစွာစောင့်နေကြရရှာသည်မသိ။ကလေး သဘာဝ

အရငြိမ်ကုတ်ကြပ်တင်းစွာနေရလို့ စိတ်အိုက်နေကြသည့်ပုံနှင့်။တရားနာလှူဖွယ်ပစ္စည်းရေစက်

ချနဲ့ အမျှဝေ သာဓုခေါ် အလှူအစီစဉ်တစ်လျောက်လုံးမှာ ကျွန်တော့်စိတ်က ကလေးငယ်တွေ

ဗိုက်ထဲက တဂွီဂွီမြည်သံများကိုသာ ကြားယောင်နေသည်။မနက်စောစော သရေစာလေးမျိုး၊

ထမင်းကြမ်းခဲ မျိုး စားမှစားခဲ့ရပါ့မလား။ကလေးတွေအားလုံးက ညိုးငယ်နွမ်းလျစွာနဲ့။

MyanmarYouthDonation Group ထောက်ပံ့မည့်သင်ထောက်ကူစာရေးကိရိယာပစ္စည်းများ

ကိုလက်ခံဖို့ရာ တန်းစီစောင့်စားရင်း လှိုက်မောနေပုံမျိုး။အဖွဲ့သူ၊အဖွဲ့သားတွေအားလုံးလည်း

ဒီအခြေအနေ၊ဒီမြင်ကွင်းကို ကြည့်ရင်းတစုံတစ်ခု ထိရှခံစားမိကြမှာပါ။

ကြာဇံကြော် ကိုဖော့ဗူးတွေနဲ့ အသင့်ပြင်ထားပြီး ကလေးငယ်တွေတစ်ယောက်ချင်းစီးဝေ၍

နဂိုမူလစောင့်ခိုင်းထားရတဲ့နေရာကိုပြန်ပို့လိုက်တော့ ကလေးတစ်ချို့က ဆာလောင်မွတ်သိပ်

စွာအငမ်းမရ စားသောက်လို့၊ကလေးငယ်တစ်ချို့ကတော့ တစ်ယောက်ထဲမစားရက်သည့်နှယ်

ကြာဇံကြော် ဖော့ဗူးကို ရင်ခွင်မှာကျစ်ကျစ်ပါအောင်ပိုက်ထွေးထားရင်း အိမ်မှာကျန်ရစ်ခဲ့မည့်

မောင်ငယ်နှမငယ်လေးတွေအတွက်လား၊မကျန်းမမာဖြစ်နေတဲ့ မိခင်ဖခင်တို့အတွက်ရယ်ပဲ

လား“သမီး မစားဘူးလား” ဆိုတော့ “ပာင့် အင်း” ဆိုပြီးခေါင်းပဲခါပြရှာပါတယ်။

မြန်မာလူငယ်ပရပိာတအဖွဲ့ ရဲ့တတိယအကြိမ်မြောက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

များသို့ သင်ထောက်ကူပစ္စည်းများ ပံ့ပိုးလှူဒါန်းပွဲလေးကတော့ အောင်မြင်ချောမောစွာနဲ့ ပြီးဆုံး

ခဲ့ပါပြီ။အလှူနဲ့ပတ်သတ်ပြီး ကြည်နူးပီတိ တစ်စုံတစ်ရာအတွက်တော့ အဖွဲ့သားများကိုယ်တိုင်

ထိရှခံစားလိုက်ရပြီမို့ မလိုက်ပါနိုင်တဲ့ သူငယ်ချင်းများအတွက်ပြန်လည်မျှဝေပေးစေလိုပါတယ်။

ကျွန်တော်ရဲ့အမြင် ကျွန်တော့်ရဲ့ခံစားမှုကတော့ “အမှန်တကယ်လိုအပ်နေတဲ့ ကွက်လပ်လေး

များအတွက်သာ”လို့ရည်ရွယ်တည်ထောင်ထားတဲ့ MYD အတွက် လိုအပ်နေတဲ့အရာများစွာက စိန်ခေါ်စောင့်ကြိုနေတယ်လို့ ခံစားလိုက်ရပါတယ်။မိဘမဲ့ကလေးများနဲ့(ဘ-က)ကျောင်းများသို့

ဦးတည်ထောက်ပံ့လျောက်လှမ်းရမယ့် MYD ရဲ့ခြေလှမ်းများစွာအတွက်လည်းအင်အားများ

စွာလိုအပ်နေပါသေးတယ်။ပြည်တွင်း၊ပြည်ပ သူငယ်ချင်းများနှင့်တကွ အနယ်နယ်အရပ်ရပ်မှ

ပေးပို့ကုသိုလ်ယူလှူဒါန်းကြသော MYD အဖွဲ့သားများအားလုံးကိုလည်း အထူးအလေးမြတ်ပြု

ကျေးဇူးတင်ပါတယ်။သူငယ်ချင်းတို့ရဲ့စုစည်းမှုအင်အားနဲ့ ဆက်လက်လျှောက်လှမ်းမယ့်

MYD ရဲ့ခြေလှမ်းများခိုင်မာအာားပြည့်နေပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဆထက်တပိုးပါဝင်လှူဒါန်းနိုင်ကြပါစေ….စေတနာရှင်သူငယ်ချင်းအပေါင်းတို့…..

သူငယ်ချင်းများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းနိုင်ကြပါစေ…

ဗေဒါ

MyanmarYouthDonationGroup(မြန်

မာလူငယ်ပရပိာတအဖွဲ့)၏တတိယအကြိမ်မြောက်သွားရောက်လှူဒါန်း
မည့်အစီအစဉ်များကိုအောက်ပါအတိုင်းစီစဉ်ဆောင်ရွက်ထားပါသည်။
သွားရောက်လှူဒါန်းမည့်နေရာမှာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ “အနန္တမေတ္တာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း”
သို့ဖြစ်သည်။

နေ့ရက် ၁၅-၁၁-၀၉(တနင်္ဂနွေ)
အချိန် နံနက် ၈း၃၀ နာရီ

စုရပ်နေရာများမှာ -
ပန်းဆိုးတန်း(Tokyo Donut) နှင့် မြေနီကုန်း (ရွှေ ကဖီး) တို့တွင်ဖြစ်သည်။လိုက်ပါလိုသည့်သူငယ်ချင်းများအနေဖြင့်
စုရပ်နေရာများသို့ နံနက် ၈း၂၀ နာရီထက်နောက်မကျစေပဲကြိုတင်ရောက်ရှိစေချင်ပါသည်။

MYD ရဲ့တတိယအကြိမ်လှူဒါန်းမှု့ခရီး

စဉ်အတွက် လာရောက်ဆက်သွယ်လှူဒါန်းမှု့တို့မှာ.....

မတည်အလှူရှင်အဖြစ် .........
ဒူဘိုင်းရောက်ရွှေမြန်မာများမှ... အမေရိကန်ဒေါ်လာ ၆၀၀ နှင့်ညီမျှသော.
( ၆၁၈၀၀၀ )ကျပ်
မင်းသက်ထွန်း..(စင်္ကာပူ)မှ ( ၅၀၀၀၀) ကျပ် ထည့်ဝင်လှူဒါန်းထားပါတယ်။

၁ ။ အညာသားလေး...........(ချော်တွင်းကုန်း)....................၁၂၀၀၀ ကျပ်
၂ ။တင်ဇာဝင်း.....................(ချော်တွင်းကုန်း) ......................၆၀၀၀ ကျပ်
၃ ။ကိုသိန်းလင်း....................................................................၅၀၀၀ ကျပ်
၎ ။hmtt@gmail.com ..........(ယုဇနဥယျာဉ်မြို့တော်)..........၅၀၀၀ ကျပ်
၅ ။ကျော်ဇောအောင်.............(ယုဇနဥယျာဉ်မြို့တော်)..........၅၀၀၀ ကျပ်
၆ ။နန်းစန္ဒာထွန်း..............(ဒဂုံတာဝါ)..................................၁၀၀၀၀ ကျပ်
၇ ။ကိုဇော်ထက်..................................................................၁၀၀၀၀ ကျပ်
၈ ။ထက်ထက်ခိုင်.....(ကောင်မလေး).................................၂၀၀၀၀ ကျပ်
၉ ။သူဇာ...................(မင်းမနိုင်)........................................... ၅၀၀၀ ကျပ်
၁၀။မဖြူ.....................(တောင်ဥက္ကလာ)........................... ...၅၀၀၀ ကျပ်
၁၁။အောင်ဇေယျာမင်း..(တောင်ဥက္ကလာ)............................၃၀၀၀ ကျပ်
၁၂။ကျော်မင်းဝင်း..................................................................၃၀၀၀ ကျပ်
၁၃။ဗေဒါဇော်......(ယုဇနဥယာဉ်မြို့တော်).............................၃၀၀၀ ကျပ်
၁၄။နောင်နောင် (ကမာရွတ်).................................................၃၀၀၀ ကျပ်
၁၅။အာကာငြိမ်း.(ကမာရွတ်).................................................၃၀၀၀ ကျပ်
၁၆။နေလှိုင်ဝင်း.....................................................................၃၀၀၀ ကျပ်
၁၇။ကိုဇေ..............................................................................၄၀၀၀ ကျပ်
၁၈။အောင်မြတ်သူ................................................................၁၀၀၀ ကျပ်
၁၉။ပြည့်ဖြိုးအောင်................................................................၃၀၀၀ ကျပ်
၂၀။အောင်အောင်.................................................................၁၀၀၀ ကျပ်
၂၁။ကိုညွန့် ဝင်း.....................................................................၅၀၀၀ ကျပ်
၂၂။မိဖြိုး.................................................................................၃၀၀၀ ကျပ်
၂၃။ခိုင်ဇင်သော်.....................................................................၅၀၀၀ ကျပ်
၂၄။စုဖြိုးထွန်း........................................................................၅၀၀၀ ကျပ်
၂၅။ကျော်စွာထက်................................................................၁၀၀၀ ကျပ်
၂၆။ထူးလင်း.........................................................................၁၀၀၀ ကျပ်
၂၇။နန်းစန္ဒာထွန်း...............................................................၁၀၀၀၀ ကျပ်
၂၈။ကိုဇော်ထက်................................................................၁၀၀၀၀ ကျပ်
၂၉။ထက်ထက်ခိုင်..............................................................၂၀၀၀၀ ကျပ်
၃၀။သူဇာ..............................................................................၅၀၀၀ ကျပ်
၃၁။ဦးလှကျော်.....................................................................၅၀၀၀ ကျပ်
၃၂။






ယနေ့အထိဆက်သွယ်လှူဒါန်းလာသောအလှူရှင်စာရင်းဖြစ်ပါသည်။

ပတ်ဝန်းကျင်တစ်ခွင် လယ်ကွင်းပြင်တွေကြားထဲ ဝါကျင့်ကျင့် တဲပုတ်
လေးများသာ အစီအရီ၊အချို့ ပလက်စတစ်စများနဲ့ လုံအောင်ဖုံးရင်း အမိုး
အဖြစ်ပာန်လုပ်ထားရတဲ့ တဲပုတ်လေးများကလည်း ပိာုနားတစ်စု၊ဒီနား
တစ်စု၊ခနော်နီ၊ခနော်နဲ့ လမ်းလေးထဲ ကွင်းဆင်းတဲ့ကျွန်တော်တို့ အဖွဲ့ရဲ့
ကားလေးကလည်းတအိအိ၊ပျံကျရပ်ကွက်လေးနဲ့အတူ အလိုက်သင့် ပင့်
သက်ရှိုက်မိလိုက်ပါတယ်။မလုံမလဲ အိမ်အကာလေးကြားကနေ ခေါင်းလေး
တွေပြူထွက်လို့ စူးစမ်းအကြည့်လေးတွေနဲ့ ဗိုက်ပူနံကားကလေးငယ်တွေ တစ်
ချို့ကလက်ပြနုတ်ဆက်လို့ ဖြူစင်ပြီးအပြစ်ကင်းစင်တဲ့ မျက်ဝန်းလေးတွေအတွက်
ရှာဖွေရေးခရီးအစမှာ ပဲသက်ပြင်းချမိခဲ့ပါသေးတယ်။
ပိာုးခပ်လှမ်းလှမ်းက တဲပုတ်ထွားထွားတစ်ခု၊သာသနာ့အလံသာထောင်မထားရင်
ကျွန်တော်တို့ရှာနေတဲ့ “အနန္တမေတ္တာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း”
လို့ထင်မိမှာတောင်မပာုတ်ပါဘူး။ပတ်ဝန်းကျင်အရောင်အဆင်းထဲမှာပဲ တဲကျောင်း
ငယ်လေးလည်းကွယ်မြှုပ်လို့ပေါ့။ဒါပေမဲ့ကျောင်းဝင်းထဲမှာလင်းနေပါတယ်။
ပညာတန်ဆောင် ဆီမီးရောင်ပာာဖြင့် ကလေးငယ်တို့ရဲ့အနာဂါတ်အတွက်
ထာဝစဉ်ထွန်းလင်းနေပါတယ်။သက်တော် (၃၀)ကျော်သာရှိသေးတဲ့ ဆရာတော်ရဲ့
ထက်သန်တဲ့ လုံးလဝရိယ၊ဝါယမစိုက်အားကြိုးပန်းရွက်ဆောင်ကြဉ်းမှု့တို့ကြောင့်
ဒီနယ်မြေတဝိုက်မှာ စာအံသံညံမဆဲ ဖြစ်နေခဲ့ရတာပါ။
“မေ တူး”အိမ်မက်ဆိုးကြီးက နာဂစ်လို့အမည်တပ်ပြီး ဝါးမျို တိုက်စားဒဏ်ကို
ဒီနယ်မြေတဝိုက်လည်းခံခဲ့ရပါတယ်။“အဲ့တုန်းက ဘုန်းကြီးက ခရီးလွန်နေတာ
နောက် ခြောက်ရက်လောက်နေ ပြန်ရောက်တော့ အိမ်သာတိုင်တောင်မမြင်ရတော့ဘူး”
လေဆင်ရိုင်းနင်းခြေသွားတဲ့ အပျက်အစီးတွေကို ပတ်ဝန်းကျင်က ဦးရာလူဝေမျှယူသွား
ကြတာပါ။
“ဘုန်းကြီးက ကိုယ့်ကျောင်းလေးမရှိတော့တာထက် ဒီတစ်ဝိုက်ကဘဝတွေမှာ
သေစာရှင်စာနဲ့အသိအလိမ္မာမရှိတာကိုတွေးမိပြီး စိတ်မကောင်းဖြစ်လာတော့
တာပေါ့” မိုးလင်းမိုးချုပ် ဆဲသံ၊ဆိုသံ၊ရန်ဖြစ်သံတွေအစား အသိအလိမ္မာ စာအံ
သံတွေအဖြစ် အသွင်ပြောင်းပစ်ဖို့အတွက်စိတ်ကူးကို ဆရာတော်အနေနဲ့ စတင်
တွေးမိသွားတာပါ။
“သောက်ရေ၊သုံးရေ အဖြစ်အားထားနေရတာ ခုမင်းတို့ဖြတ်လာတဲ့ လယ်ဘောင်
မြောင်းဘေးကရေပဲကွ၊ကျိုချက်သောက်ရကောင်းမှန်းလဲမသိနဲ့ဆိုတော့
ရောဂါဘယလည်းထူပြောတာပေါ့။ဒါနဲ့ဘုန်းကြီးက စက်ရေတွင်းတစ်တွင်းတူးပြီး
အရင်လှူလိုက်တယ်၊အဲ့မှာပဲ နယ်လှည့်တရားပောာပြီးစုဆောင်းထားသမျှ
ဝတ္တုငွေလည်းကုန်လေရော၊ခု ဒကာတို့မြင်တဲ့အတိုင်းဒီတဲကျောင်းလေးကပဲ
စာသင်ချိန်ဆိုစာသင်ကျောင်းပေါ့၊စာသင်လို့ပြီးရင်ဘုန်းကြီးကျောင်းပေါ့”
ငယ်ရွယ်ထက်သန်တဲ့ဆရာတော်ရဲ့ဇွဲသတ္တိကတော့ ကလေးငယ်တွေအတွက်
အရိပ်အာဝါသကောင်းလှတဲ့ သစ်တစ်ပင်ကြီးလိုပါပဲ။
ယခုနှစ်စာသင်နှစ်မှာမှ ဒီကျောင်းလေးကိုစဖွင့်ဖြစ်တာပါ။မူလတန်းအဆင့်
ကျောင်းလေးမှာ ကျောင်းသား၊သူပေါင်း(၁၂၀)ကျော်ရှိပါတယ်။အထွေထွေကုန်ကျ
စရိတ်အကုန်လုံးကို ဆရာတော်မှ စိုက်ထုတ်လှူဒါန်းထားပါတယ်။ဓနိမိုး၊ဓနိကာ
မြေစိုက်၊ပေနှစ်ဆယ်ပတ်လယ် တဲပုတ်လေးကတော့ စာသင်ဆောင်ဆိုလည်း
ပာုတ်၊ဆွမ်းစားဆောင်ဆိုလည်းပာုတ်နေပါတယ်။ဝင်ကြည့်မိတယ်ဆိုရင်ပဲ
စာသင်ဆောင်နဲ့တူတာဆိုလို့ (၃)ပေ (၁)ပေခွဲဆိုဒ်လောက်ပဲရှိတဲ့ ရွေ့ပြောင်း
သင်ပုန်းတစ်ချပ်ကလွဲရင် အရာရာနတ္တိ၊မြေပြင်ပေါ်ဝါးထရံထပ်တင်လို့ အခင်း
အဖြစ်ဖန်တီးထားတယ်။မိုးတွင်းဆိုတော့ စိုစိ၊စိုစိ နဲ့ပေါ့.........။
မွန်းကြပ်ပိတ်လှောင်နေတဲ့ စာသင်ဆောင်လေးက အာဖရိကတောတွင်း
လူရိုင်းအိမ် သာသာလောက်လေးပါ။သူငယ်တန်း၊ပထမတန်း ကလေးတွေ
စုပြုံတိုးသိပ်လို့ရွေ့ပြောင်းကျောက်သင်ပုန်းလေးအလှည့်ကျမှ သင်ခွင့်ရတဲ့
စာကိုသာ အငမ်းမရနဲ့ပါ။
ကလေးငယ်တွေရဲ့လူမှု့ဒုက္ခအထွေထွေတို့ကိုခဏမေ့လို့ရမယ့် ကာလလေးမို့
စာအံသံတွေမှာ တက်ကြွမှု့အားမာန်အပြည့်နဲ့ပါ။ပျဉ်ခင်းထားတဲ့ (၁၅)ပေ သာ
သာကျောင်းလေးပေါ်မှာတော့ တတိယတန်း၊လေးတန်းကလေးတွေကို
ဆရာ မငှားနိုင်လို့ ဘုန်းကြီးကိုယ်တိုင်သင်ပါတယ်။သင်ရိုးညွှန်းတန်း စာအုပ်ကို
လည်းအကုန်မတတ်နိုင်လို့ အပိုင်းလိုက်မိတ္တူဆြွဲပီပဲ အားလုံးကိုဝေပေးပါတယ်
အတန်းစုံအားလုံးအတွက်ကတော့ ရွေ့ပြောင်းသင်ပုန်းလေးတစ်ချပ်သာ
အားထားရာပါ။
ဒါတွေပာာ စိတ်ကူးယဉ်ပြီးရေးထားတာမပာုတ်ပါဘူး။ဒဂုံမြို့သစ်(အရှေ့ပိုင်း)
ရဲ့အစွန်အဖျား ပျံကျရပ်ကွက်လေးတစ်ခုရဲ့ပကတိအခြေအနေကို အမြင်အတိုင်း
ပုံဖေါ်ထားတာပါ။“အမှန်တကယ် လိုအပ်နေတဲ့ ကွက်လပ်လေးတွေအတွက်သာ
ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရပ်တည်လုပ်ဆောင်နေတဲ့ MYD (မြန်မာလူငယ် ပရပိာတ)
အဖွဲ့ရဲ့တတိယအကြိမ်မြောက်လှူဒါန်းမှု့အတွက် ရည်ရွယ်ထားတဲ့နေရာလေးပါ။
အဓိက လှူဖွယ်အစုစုအတွက်ကတော့အောက်ပါအတိုင်း ရည်မှန်းထားပါတယ်။

(၁) ကျောက်သင်ပုန်း လေးချပ်
(၂) စာရေးကိရိယာနှင့်သင်ထောက်ကူများ
(၃) အပာာရဒါနနှင့် နဝကမ္မဝတ္တုငွေ

စသည်တို့ဖြစ်ပါတယ်။အဝတ်စားအပောာင်းများနှင့် တကွကလေးငယ်တွေ
အတွက် တစ်ကိုယ်ရေသန့်ရှင်းရေး၊စိတ်ဓါတ်မြှင့်တင်ရေး၊ပညာပေးရေး
အစီအစဉ်များကိုတာဝန်ယူဆောင်ရွက်ကုသိုလ်ယူနိုင်မည့် သူငယ်ချင်းများကို
လည်းဖိတ်ခေါ်ပါတယ်။သီးခြားလှူဒါန်းလိုတဲ့ သူငယ်ချင်းများလည်းဆက်သွယ်
လှူဒါနိုင်ပါတယ်။သွားရောက်ကုသိုလ်ယူလှူဒါန်းမည့်နေ့ရက်နှင့်စုရပ်နေရာများ
ကိုလည်းမကြာမီ သူငယ်ချင်းများအားလုံးကိုအသိပေးအကြောင်းကြားသွားမှာဖြစ်ပါတယ်။

မျှော်လင့်နေတဲ့မျက်ဝန်းလေးတွေကိုယ်စား.......ကျေးဇူးတင်စွာဖြင့်....

မြန်မာလူငယ်ပရပိာတအဖွဲ့

အဖွဲ့ဝင်နိုင်မဲ့သူတွေအနေနဲ့ အောက်ပါအချက်အလက်များကိုပေးပို့
ပေးကြပါ။
၁။လိုင်စင်ဓါတ်ပုံတစ်ပုံ Scan ဖတ်ပြီး
၂။လိပ်စာအပြည့်အစုံ
၃။မှတ်ပုံတင်နံပါတ်
၎။ဆက်သွယ်ရမည် M@il Address (or) Phone Number
အထက်ပါအချက်အလက်များကို zippy7@gmail.com & lithiumkurt@googlemail.com
သို့ပေးပို့ပေးပါရန်အကြောင်းကြားအပ်ပါသည်။
MYD admin Group မှ မကြာခင် အမြဲတမ်းအဖွဲ့ဝင် Page တစ်ခုကို
http://myanmaryouthdonation.ning.com နှင့် http://www.myanmaryouthdonation.org
ဆိုဒ် နှစ်ခုစလုံး တွင် Member page တစ်ခုတင်ပေးသွားမည်ဖြစ်ကြောင်းအသိပေးအကြောင်း
ကြားအပ်ပါသည်။

ညကတဖြေးဖြေး အမှောင်ထုအောက်ရောက်လာပါပြီ။ရင်

ပြင်တော်တစ်ခုလုံး ကြက်ပျံမကျစည်ကားနေသည်မှာ နေရာလပ်မရှိလောက်အောင်ပင်။လူမှု့ရေး ၊ဘာသာရေးအဖွဲ့ပေါင်းစုံရဲ့ အလှူအတန်းမျိုးစုံကလည်း လပြည့်နေ့လေးကို ပိုမိုအသက်ဝင်
စေခဲ့သည်။ရင်ပြင်တော်တစ်နေရာအရောက်မှာ ခပ်တည်တည်နဲ့ ငုတ်တုတ်ထိုင်နေတဲ့ MYD စာလုံးဖေါ်ထားတဲ့ ဆီမီးခွက်လေးတွေက
ခုပဲသက်ဝင်ထတောက်လောင်တော့မတတ် အသင့်အနေအထားနဲ့ အလင်းညှိမယ့် လက်များကို မျှော်လင့်နေသည့်ပာန်မှာ
ကြည့်လို့ပင်ကောင်းလှသေး။ညကတဖြေးဖြေးအမှောင်ထုအောက်ရောက်နေပါပြီ။မာကျူရီတချို့လည်းလင်းလဲ့နေ၏။မိုးတိမ်မဲမဲတို့ကြား
တစ်ချက်တစ်ချက် ထထချောင်းကြည့်တတ်တဲ့ ဖိုးလမင်းကလည်း သူစွမ်းနိုင်သလောက် ကမ္ဘာမြေကို အလင်းတွေဖိတ်လျှံနေခဲ့။
သို့သော် အလင်းတို့မပြည့်စုံသေးပါ။ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်ညအတွက် အလင်းတို့ပြည့်စုံမှု့မရှိခဲ့သေးပါ။
စနစ်တကျဘောင်ဖေါ်ထားတဲ့ လေးထောင့် ညီညာဆီမီးပဒေသာနဲ့ MYD 2009 စာလုံးဖေါ်ထားတဲ့ ဆီမီးခွက်တို့က အလင်းမညှိရသေးတဲ့
အတွက် ညက အမှောင်ထုအောက် ရောက်နေဆဲပါ။တစ်ချက်တစ်ချက်မြစ်ဖက်ကတိုက်ခတ်လာတဲ့ လေအဝှေ့မှာ မိုးသက်မိုးနံတို့ကတွဲ
ပါလာသေးတယ်။အရာရာမပြီးမြောက်သေးလို့ ရောက်မလာပါနဲ့ဦး မိုးရယ်။
လက်တစ်ဝိုင်းစာလောက်ဆီမီးခွက်လေးထဲကို ဆီလေးပာင်းခက်တစ်ဇွန်းစာလောက်ထည့်လိုက်။ပြီးရင်မီးစာထည့် ။မီးထွန်းညှိ။
နှစ်လိုဖွယ်ကောင်းလှတဲ့ ဆီမီးခွက်လေးတစ်ခုကို သင်မြင်တွေ့ရမယ်။ဒီလောက်ပါပဲ။သင့်အတွက်လည်းအပန်းမကြီးပါဘူး။လွယ်ကူပေါ့ပါးပြီးသက်တောင့်သက်သာလည်းရှိပါတယ်။
ပောာ တစ်ယောက်လာပြီး သင့်ဆီက မီးတစ်ညှိတောင်းသွားမယ်။ပေးလိုက်ပါ။အလင်းမလျော့ပါဘူး။နောက်တစ်ယောက်
ထပ်ဝေမျှလိုက်ပါ။ဒီလိုနဲ့ သင့်မီးတစ်စကနေ ပွားညှိထွန်းလင်းလိုက်တာ ကိုးရာကိုးဆယ် ကိုးခုမြောက်မှာတော့ အမှောင်ဖုံးနေတဲ့
ညဦးပာာ အလင်းတို့နဲ့ လဲ့ဖြာသွားခဲ့ပြီ။စုပေါင်းညီညာနေတဲ့ အဝါရောင်လဲ့လဲ့ ဆီမီးတစ်ထောင်ကိုပေါင်းစုအားအဖြစ်မြင်မိတယ်။
ပြီးတော့ ဆီမီးခွက်လေးတစ်ခွက်လို ကျွန်တော်တို့လူငယ်တွေအတွက် ကိုယ်ဘယ်လောက်ဝေမျှနိုင်စွမ်းရှိမလဲဆိုတာကိုလည်း
မေးခွန်းထုတ်ချင်လာခဲ့ပြီ။ဒါကတော့ကျွန်တော်မြင်မိတဲ့ သီတင်းကျွတ်ညလေးရဲ့ အနှစ်သာရမြင်ကွင်းလေးပါ။သေချာပေါက်လှသွားတဲ့
ညလေးတစ်ညလည်းဖြစ်ခဲ့တယ်။ွ
ရင်ပြင်တော်ပေါ်မှာအစောဆုံးထွန်းညှိထားတဲ့ ဆီမီးခွက်လေးတွေရှိတဲ့ MYD 2009 ဆိုတဲ့ နေရာလေးကို ဘုရားဖူးတွေတဖွဲဖွဲ လာရောက် ပူဇော်ထွန်းညှိပြီး အတူပူးပေါင်းပါဝင်ကုသိုလ်ယူကြတဲ့မြင်ကွင်းလေးပာာလည်းချစ်စရာညလေးဖြစ်သွားပြန်ပါရောလား။
ကလေးငယ်လေးတွေ က လေတိုက်လို့ငြိမ်းသွားတဲ့ဆီမီးခွက်လေးတွေကိုထပ်မံထွန်းညှိပေးတဲ့ မြင်ကွင်းကိုလည်း အမိအရဓါတ်ပုံလိုက်
ရိုက်ရင်း ကလေးတွေအတွက်ရည်ရွယ်ထားတဲ့ MYD ကိုကလေးတွေက အလင်းပြန်ညှိပေးတာလေးကလည်းတစ်မျိုး ပဒသ ဖြစ်သွား
စေပါတယ်။ဘုရားပေါ်ကပင်တိုင်ဓါတ်ပုံဆရာတွေလည်း မျက်စိကျတဲ့နေရာလေးဖြစ်တော့ ဘုရားဖူး မိသားစုတွေအုပ်စုလိုက်
MYD 2009 မြင်ကွင်းကိုနောက်ခံထားပြီး ဓါတ်ပုံတွေ တဖျပ်ဖျပ်ရိုက်ကြတာမို့ လူထုကြားထဲ ရောက်သွားတဲ့ MYD ရဲ့ နွေးထွေးတဲ့
ညလည်းဖြစ်နေပါတယ်။တစ်နေကုန်ရွာထားတဲ့ မိုး ကလည်း သူမပာုတ်သလိုနဲ့ ကောင်းကင်ကကြည်လင်လှပလာတယ်။ဖိုးလမင်းကလည်းမိုးတိမ်တွေကြားက ထွက်ထွက်ချောင်းနေတယ်။ဆီမီးရောင်တလဲ့လဲ့က
သူ့အလှထက်ပိုသာသွားလို့ ရှက်ရွံ့နေတဲ့ပာန်နဲ့ပေါ့။ဘုရားဖူးလာများနဲ့ ကလေးငယ်တွေကိုအအေးဗူးတွေလိုက်ဝေပြီးမကြာမီမှပဲ
ရာသီဥတုအခြေအနေကိုစိတ်မချလို့ မြန်မာလူငယ်ပရပိာတအဖွဲ့ရဲ့ ပထမအကြိမ်ဆီမီးပူဇော်ပွဲကို ည ၈ နာရီမှာ အောင်မြင်စွာ
ရုတ်သိမ်းလိုက်ပါကြောင်းဖေါ်ပြရင်း လိုက်ပါကူညီကြတဲ့သူငယ်ချင်းများနဲ့တကွ အဖွဲ့ဝင်များအားလုံးကို ဝမ်းမြောက်စွာအသိပေး
လိုက်ပါတယ်။

စဉ် ၀င်ငွေ ကျပ် စဉ် ထွက်ငွေ ကျပ်
ဘဏ်လက်ကျန် ၇၀၀၀၀ ပစ္စည်းဝယ်ယူမှုကုန်ကျငွေ ၆၀၃၅၇၀
ဒူဘိုင်းမှလှူဒါန်းငွေ ၆၀၀၀၀၀ စတစ်ကာပြုလုပ်မှုကုန်ကျငွေ ၁၀၀၀



ကားငှားရမ်းခ ၆၀၀၀၀

ကောက်ခံရရှိသောအလှူငွေ



ဗေဒါဇော် ၇၀၀၀
စုစုပေါင်း ၆၆၄၅၇၀
နောင်နောင် ၂၃၀၀၀


အာကာငြိမ်း ၃၈၀၀၀
လက်ကျန်ငွေ ၂၃၄၉၃၀
ကစ်ကစ် ၇၄၅၀၀


ဖြူဖြူဝင်း ၆၇၀၀၀


လိုက်ပါသူများထံမှ ကားခ ၂၀၀၀၀



























စုစုပေါင်း ၈၉၉၅၀၀

၈၉၉၅၀၀

မကြာမီမှာပဲ ဝါလကင်းလွတ်တဲ့ သီတင်းကျွတ်ဆိုတဲ့ အဘိဓမ္မာ အခါတော်နေ့ကျရောက်လာတော့မှာဖြစ်

ပါတယ်
သီတင်းကျွတ်လပြည့်နေပာာဆိုရင်ဖြင့် ကျွန်တော်တို့ လူငယ်တွေရဲ့ ထက်သန်တဲ့ စိတ်ဓါတ်နဲ့ ဖွဲ့စည်းတည်ထောင်
ထားတဲ့ မြန်မာလူငယ် ပရပိာတ ဆိုတဲ့ အဖွဲ့လေးစတင်ဖြစ်တည်လာတဲ့ ငါးလ ပြည့်နဲ့လည်းတိုက်ဆိုင်နေပါတယ်။
သီတင်းကျွတ်အခါသမာယ မှာအားလုံးလည်းရင်ခုန်စွာနဲ့ပျော်ဖူးခဲ့ကြမှာပါ။ မီးရှုးမီးပန်းတွေပစ်ဖေါက်၊ပျော်ပွဲရွှင်ပွဲ
တွေ၊ဆီမီးရောင်စုံတွေထွန်းညှိပူဇော်နဲ့ ငယ်စဉ်ကတည်းကနေ ခုချိန်ထိ ပျှော်ရွှင်စရာကောင်းခဲ့တဲ့ နေ့ရက်တွေပါပဲ။
ဒီနှစ်မှာတော့ အားလုံးအတွက် အမှတ်တရအနေနဲ့ မြန်မာလူငယ်ပရပိာတအဖွဲ့ ကို ကိုယ်စားပြုပြီး စုပေါင်းဆီမီးထွန်း
ညှိပူဇော်ပွဲလေးကျင်းပဖို့ စီစဉ်ထားပါတယ်။သူငယ်ချင်းများအားလုံးပျှော်ရွှင်ချမ်းမြေ့စွာနဲ့ ကုသိုလ်ယူနိုင်ဖို့ရာ
အားလုံးကိုဖိတ်ကြားအပ်ပါတယ်။

နေရာကတော့ (ဗိုလ်တထောင်ဘုရားလိပ်ကန်နားမှာပါ)
အချိန်ကတော့ (ညနေ 5 နာရီဖြစ်ပါတယ်)
နေ့ရက်ကတော့( 3-10-09 စနေနေ့ လပြည့်နေ့ ဖြစ်ပါတယ်)

ဆီမီးတစ်ထောင်ထွန်းညှိပူဇော်မှာဖြစ်ပြီး
ရိပ်သာဝင်ယောဂီများအတွက် အအေးဗူးနှစ်ရာ့ငါးဆယ်ကုသိုလ်ယူလှူဒါန်းမှာဖြစ်ပြီး
အအေးဗူးနှစ်ရာ့ငါးဆယ်အတွက်အလှူရှင်ကတော့ ကိုအာကာငြိမ်း ဖြစ်ပါတယ်။ဆီမီးကုသိုလ်အတွက်လည်းသဒ္ဒါတရားနည်းများမဆို
ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါကြောင်း သူငယ်ချင်းများအားလုံးကို အသိပေးနိုးဆော်လိုက်ပါတယ်။

သြဂုတ်(၂)ရက်နေ့မှာစတင်ခဲ့တဲ့ မြန်မာ့လူငယ်ပရပိာတအဖွဲ့ရဲ့ ခြေလှမ်းလေးပာာ
ယခုစက်တင်ဘာ(၁၃)ရက်နေ့မှာ ဒုတိယခြေလှမ်းအဖြစ်နဲ့ ခြေအစုံပေါ် ခိုင်ခိုင်မာ
မာ ရပ်တည်လိုက်နိုင်ခဲ့ပါပြီ။ဒီတစ်ခေါက်ခရီးစဉ်မှာ အမှတ်ရစရာ၊ကျေးဇူးတင်
ထိုက်စရာတွေအများအပြားနဲ့မို့ ကျွန်တော်တို့ရဲ့ ကြည်နူးပီတိအထွေထွေကို
ဒီစာစုလေးနဲ့အတူ သူငယ်ချင်းတို့ကိုမျှဝေလိုက်ပါရစေ…….
ပထမဆုံးအထူးကျေးဇူးတင်ထိုက်သူတွေကတော့ ဒူဘိုင်းရောက်ရွှေမြန်မာများရဲ့
ထက်သန်တဲ့ စေသနာသဒ္ဒါတရားပါပဲခင်ဗျား။ဒူဘိုင်းရောက်ရွှေမြန်မာများရဲ့
ကုသိုလ်ငွေခြောက်သိန်းပေးပို့လှူဒါန်းမှု့ကြောင့် ကျွန်တော်တို့ရဲ့ခြေလှမ်းလေးက
အားမာန်အပြည့်နဲ့ ထောင့်စေ့အောင်ပြည့်စုံလုံလောက်စေခဲ့တာပဲဖြစ်ပါတယ်။
နောက်တစ်ခုကအနယ်နယ်အရပ်ရပ်ကပေးပို့လှူဒါန်းမှု့အစုစုတို့အတွက်လည်း
သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။နောက်ကျေးဇူးတင်ထိုက်
သူတွေကတော့ ကွင်းဆင်းလေ့လာတဲ့အချိန်ကစလို့ ဘယ်သွားသွား၊ဘာအကူညီ
တောင်းတောင်းမငြီးမငြူနဲ့တက်ကြွစွာ စိတ်ရောကိုယ်ပါလိုက်လံအားပေးကူညီတဲ့
မဖြူဖြူဝင်းနဲ့ သူငယ်ချင်းကိုဇိုင်ယန်တို့ကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောပါရစေ
(ပဲာပဲာ နောက်မလုပ်ပေးမှာစိုးလို့ကြိုဖားထားရတာ..)နောက်…
မမွန် ကိုတော့ကျေးဇူးအနန္တပါ။စိတ်ကူးကောင်းကောင်းလေးတွေနဲ့ ကလေးငယ်
လေးတွေအတွက်ထပ်ဆောင်းကူညီမှု့ကြောင့်လည်း ဒီတစ်ခေါက်မှာ
ပိုစည်းကားသွားခဲ့ရပေါ့။ခုတစ်ခေါက်ခရီးစဉ်မှာလည်း ကား မှာစုရပ်နေရာကို
အချိန်အတိကျရောက်လာခဲ့ပြီး စုရပ်တိုင်းကနေသတ်မှတ်ချိန်အတိုင်း
ထွက်လာခဲ့ရလို့ ကျန်ခဲ့သူတွေအတွက်တော့ တောင်းပန်ပါတယ်။အမှတ်ရစရာလေးက
တော့ နောက်ကျနေခဲ့လို့ Taxi ငှားပြီးကျွန်တော်တို့ BM နောက်ကိုအမောတကောနဲ့လိုက်လာခဲ့တဲ့ ဆွီတီရဲ့စိတ်အားထက်သန်မှု့ကိုလည်း အသိအမှတ်ပြုလေးစားမိပါရဲ့၊လမ်းကြောင်းသင့်နေခဲ့လို့လမ်းကနေဖြတ်စောင့်
နေတဲ့ Spike တစ်ယောက်ကတော့ မနက် ၉ နာရီထဲကစောင့်နေတာ ကျွန်တော်တို့ ကားရောက်သွားတော့မနက် (၁၀)နာရီကျော်နေပါပြီ။
တစ်နာရီကျော်အောင်ရပ်စောင့်နေရတဲ့အတွက် အလွန်တရာအားနာပါ၏။
လှည်းကူးမြို့နယ်သံဃာနယကကျောင်းဖြစ်တဲ့ နိဗါန်ဆိပ်ဦးကျောင်းကိုရောက်သွားတော့(၁၀)နာရီ(၃၅)မိနစ်
လောက်ရှိပြီဗျ။ဦးပဉ္စင်းမောင်မောင်နဲ့ဆရာမလေးတွေကဆီးကြိုပြီးလှူဘွယ်ပစ္စည်းများက
ိုကျောင်းပေါ်မှာနေရာချဖို့စီမံပေးပါတယ်။သက်တော်(၅၀)ကျော်နေပြီဖြစ်တဲ့ ဦးပဉ္စင်းမောင်မောင်ကကျောင်းအုပ်ဆရာကြီးဘဝက အငြိမ်းစားယူပြီးမှ
ရပာန်းဝတ်ခဲ့တာလေ။ဒါကြောင့် ကလေးတွေပညာရေးအတွက် အရမ်းစိတ်အားထက်သန်
နေခဲ့တာပေါ့။ကျွန်တော်တို့အဖွဲ့ရဲ့ အလှူရက်အတိအကျကိုလှမ်းအကြောင်းကြားတဲ့နေ့ကဆို လှည်းကူးကနေကားနဲ့သွားတောင် (၄၅)မိနစ်လောက်မောင်းမှရောက်မယ့်
ကြို့ကုန်းတောင်ကျောင်းအထိ ကိုယ်တိုင်သွားပြီးလစ်ပာာမှု့မရှိအောင် စီမံပေးခဲ့သေးတယ်လေ။လှူဘွယ်ပစ္စည်းတွေနေရာချပြီး မကြာခင်ပဲ နှစ်ယောက်တစ်တွဲတန်းစီပြီးကျောင်းပေါ်တက်လာတဲ့ ကလေးငယ်
တွေအားလုံးစည်းကမ်းတကျ၊စနစ်တကျနဲ့ဗျာ အသံတစ်ချက်တောင်မထွက်ဘူး။
ရှင်သာမဏေနှစ်ပါးအပါအဝင်ကျောင်းသား၊သူစုစုပေါင်းတစ်ရာ့ရှစ်ဆယ်ရှိတဲ့ကျောင်းလေးပါ။
“ဘုန်းကြီးကတော့လာလှူတဲ့ စာအုပ်တွေကိုထိမ်းသိမ်းထားပြီး တစ်အုပ်ရေးလို့ကုန်သွားမှ
တစ်အုပ်ထုတ်ပေးတယ်၊အလှူရှင်တွေ လှူတဲ့ပစ္စည်း အလေအလွင့်မဖြစ်စေအောင်ပါ၊
ဒကာတို့ ဝေချင်တဲ့ဆန္ဒရှိရင်လည်းဝေပေးနိုင်ပါတယ်”လို့မိန့်ကြားတာနဲ့
ကျွန်တော်တို့လည်းဘုန်းကြီးရဲ့စီမံပေးမှု့ကိုပဲလက်ခံလိုက်တယ်။ဘုန်းကြီးကျောင်းရဲ့
ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကျွန်တော်တို့အဖွဲ့နာမည်နဲ့ပြန်ပေးအပ်ခဲ့တာလည်း
မှတ်တမ်းလေးတစ်ခုပါ။“ကလေးတို့ ဒီကအကိုတွေအမတွေက ကလေးတို့ကိုစာကြိုးစားတဲ့အတွက် ပညာတတ်ကြီးတွေဖြစ်စေချင်လို့ ဒီနေ့စာအုပ်တွေလာလှူမုန့်တွေလာကြွေးကြတယ်၊ အဲ့တော့ မင်းတို့အနေနဲ့စာကြိုးစားကြမှာလား”…..“ကြိုးစားပါမယ်ဘုရား”
ညီညာသံပြိုင်နဲ့ ကလေးလေးတွေရဲ့အသံလှိုင်းထဲမှာအားမာန်တွေနဲ့အပြည့်ပါ။
“ပညာတတ်ကြီးတွေဖြစ်အောင်ကြိုးစားပါမယ့်လို့ဂတိပေးမှာလား”...“ဂတိပေးပါတယ်ဘုရား”
ဘုန်းကြီးရဲ့ရှေ့ကတိုင်သံနဲ့ကလေးတွေရဲ့ အားမာန်စိတ်အသံလေးတွေက ပီတိဖြစ်စရာပါ။
လှူဒါန်းမှု့ပစ္စည်းတွေဘုန်းကြီးကိုပေးအပ်ခဲ့ပြီးဘုန်းကြီးရဲ့မိန့်မှာချက်မှာ“ကောင်းသကွာ မင်းတို့လိုအဖွဲ့လေးတွေပေါ်လာတာ၊ကြို့ကုန်းကျောင်းကတကယ့်ကိုလိုအပ်နေတာကွ၊
မင်းတို့လာမယ်လို့ဖုန်းရရချင်းငါကိုယ်တိုင်ဆင်းပြီးသွားပြောတယ်၊ဆရာတော်က ပာာဧည့်သည်တွေလာမယ်ဆိုတော့ခက်ပြီကွတဲ့၊ကျုပ်မနေ့ကမှဖိနပ်ပြတ်သွား
တာတဲ့၊ဒါနဲ့ ဦးဇင်းလဲ အေးပါတပည့်တော်ထည့်ပေးလိုက်ပါ့မယ်ဆိုပြီး ပြောထားခဲ့ရတာ”….
ကြို့ကုန်းတော်ကျောင်းကဆရာတော်မှာရိုးအေးပြီးသက်တော်လည်းကြီးရင့်ပြီ
ဖြစ်တဲ့အတွက်စာသင်ကျောင်းလေးမှာဝန်ထုတ်ဝန်ပိုးပမာဖြစ်နေခဲ့ရပေါ့။
ကျွန်တော်တို့အဖွဲ့လည်းအချိန်မလင့်ခင်ကားကိုအပြင်းနှင်ခဲ့ရာ
(၁၂)နာရီမထိုးခင်မှာပဲကြို့ကုန်းရွာမှာရှိတဲ့
ကြို့ကုန်းတောင်ကျောင်းကိုရောက်ခဲ့ပါတယ်။
ကားကိုလမ်းပေါ်မှာတင်ရပ်ထားခဲ့ပြီး သစ်ပင်တွေအုပ်ဆိုင်းနေတဲ့မှိုင်းညို့ညို့
ကျောင်းဝိုင်းလေးထဲကိုအထုတ်အပိုးတွေမနိုင်တနိုင်မသွားတဲ့မမတွေက
ရှေ့ဆုံးကတက်တက်ကြွကြွပဲဗျ။ ဦးဆောင်ပြီးဝင်သွားလိုက်ကြတာဗလကောင်းကောင်းနဲ့ကိုဇိုင်ယန်ကတော့
သူ့လက်ရာသင်ပုန်းတွေကို ကိုယ်တိုင်ထမ်းပြီးပို့ပေးတယ်။
ရပ်မိရပ်ဖကျောင်းဂေါပကအဖွဲ့ဝင်တွေအစုံအလင်နဲ့စကားပြောဖြစ်ခဲ့ပါတယ်။
“အဓိကလိုအပ်ချက်ကသင်ထောက်ကူစာရေးကိရိယာအပြင်
ဆရာမလေးတွေအတွက်က ဆရာတော်အတွက်ကော၊
ဦးတို့ရပ်မိရပ်ဖတွေအတွက်ပါ မနိုင်ဝန်ကြီးဖြစ်နေတာ၊
ဒီနှစ်မှာအဆိုးဆုံးပဲ၊အားလုံးလဲကြပ်တည်းနေကြတော့အခက်အခဲဖြစ်သွားတာပေါ့၊
တစ်လတစ်သောင်းခွဲဆိုတာလောက်ငှတယ်ရယ်လို့တော့မပာုတ်ပါဘူး၊
ဝမ်းစာအနေနဲ့သူတို့မလဲ ဒါပဲရှိတာ၊ဆယ်တန်းစာမေးပွဲကိုလည်း
ဒီအတိုင်းပဲဝင်ဖြေလိုက်ပေါ့၊ကျူရှင်တွေဘာတွေလဲမတက်နိုင်ပါဘူးကွာ၊
စာအုပ်ကြည့်ပြီးပဲကျက်ဖြေလိုက်တာ၊
ဇွဲတော့မလျော့ကြပါဘူး၊နှစ်တိုင်းလည်းဝင်ဖြေနေတာပဲ”….
စိတ်မသက်သာစရာပါ။ကလေးတွေအတွက်ကော၊ကလေးတွေအတွက်ဘဝတွေ
ွပေးဆပ်အလုပ်အကြွေးပြုကြသူတို့အတွက်ပါရင်လေးစရာအခြေအနေပါ။
ဘုန်းကြီးကအိုနေပါပြီ၊သက်တော်ထောက်လာပြီဖြစ်တဲ့အတွက်
ဓါတ်ကြီးလေးပါအစုအဝေးရဲ့ဖေါက်လွှဲဖေါက်ပြန်မှု့ကြောင့်အရာရာမေ့တတ်နေပြီး
မိန့်သမျှအက်ကြောင်းထပ်နေတဲ့အထိကိုဆိုးနေပါပြီ။
ဒီလိုအခြေအနေနဲ့ဒီကျောင်းလေးကို
ိုထမ်းပိုးထားနေခဲ့တဲ့စိတ်ဓါတ်ကိုတော့အံသြဝမ်းသာဖြစ်ရပါတယ်။
“မင်းတို့ခေါင်းဆောင်ကဘယ်သူ….”“အောင်ဇေယျာမင်းပါဘုရား”လို့သံပြိုင်ဖြေပြီး “အေးအေး ငါ့မလဲ ဦးပုပ်သည်တွေလာရင်ပြောလို့ရအောင် ရန်ကုန်ကအဖွဲ့တွေဒီလိုလာလှူကြတယ်ဆိုတာ တစ်ခါမှ ဒီလောက်များများမရခဲ့ဖူးတော့ဝမ်းသာသကွာ”သိပ်မကြာခင်ပဲထပ်လာမေးပြန်ရော၊
ပြန်ဖြေရ၊ဘုန်းကြီးကလဲဒါပဲထပ်မိန့်၊ဒီလိုနဲ့ ဂျာအေးကိုသူအမေရိုက်လိုက်တာ ရေစက်ချပါတော့မယ်ဘုရားဆိုတော့မှပြီးသွားပါတော့တယ်။
အင်းဒီနေရာမှာလဲတွေးပူရတာ .... ရေစက်ချတရားကိုအစအဆုံးထပ်ကြော့နေရင်ခက်ပြီလို့။ရင်တထိတ်ထိတ်နဲ့ပေါ့။
ထူးခြားတဲ့တရားရဲ့စွမ်းအားရယ်ပဲလားတော့မသိ။ခုနပြောခဲ့သလိုမေ့တတ်တဲ့
စိတ်အခြေနေနဲ့ရပာန်းအိုကြီးပာာသြကာသအစချီပြီး၊ငါးပါးသီလအဆုံး၊
ရေစက်ချတရားတစ်ခုလုံး
အထစ်အငေါ့မရှိချောချောမောမောနဲ့မို့ ဝမ်းမြောက်ဝမ်းသာစွာနဲ့ သာဓုအနုမောဒနာခေါ်ဆိုလိုက်နိုင်ပါတော့တယ်။တော်သေး၏၊
ရေစက်ချပြီးတာနဲ့ကျွန်တော်တို့တစ်ဖွဲ့လုံးအလုပ်ရှုပ်သွားပေါ့။ကလေးတွေကိုမုန့်ဝေ၊ စာအုပ်၊လွယ်အိပ်၊ကွန်ပါဘူး၊ခဲတံ၊ပေတံ၊နဲ့ထောင့်စေ့အောင်ဝေပြီး
စိတ်ကူးကောင်းတဲ့မမွန်က လူစေ့ဘောင်းဘီလေးတွေလိုက်ဝေနဲ့တကယ့်ကိုပီတိဖြစ်စရာပါ။
ယောင်္ကျားလေးအဖွဲ့ကတော့အယောင်ဆောင်သင်ပုန်းတွေခွာချပြီး သင်ပုန်းစစ်စစ်တွေနဲ့ စာသင်နှစ်ဝက်ကိုအသွင်ပြောင်းပေးလိုက်ရတာလည်းအားရစရာပါ။အာစရိယအနွယ်ဝင်
ဆရာမငယ်လေးတွေအတွက် ကလေးငယ်တွေကိုယ်စားကန်တော့်ငွေအဖြစ်ကိုလည်း
တစ်ယောက်နှစ်သောင်းခွဲနုန်းနဲ့သုံးယောက်စာပံပိုးကူညီပေးနိုင်ခဲ့တာကလည်းကျေနပ်စရာပါ
“အရှင်ဘုရားသင့်တော်သလို လိုရာသုံးဖို့ပါဘုရား ”ဝတ္တုငွေတစ်သိန်းနှင့်
အတူသင်္ကန်းဆေးဝါး၊အိပ်ယာခင်း၊ခေါင်းအုန်း၊စောင်ခြင်ထောင်နှင့်အတူ
ပြည့်စုံအောင်ဆပ်ကပ်လှူဒါန်းနိုင်ခဲ့ပါသေးသည်။
ဗလာစာအုပ်ဒါဇင်(၅၀)ကျော်ကတော့
့လက်ကျန်စာသင်နှစ်အတွက်လုံလောက်စေတော့မှာပါ။
ဆရာမလေးတွေလက်ထဲအပ်နှင်းပြီးစီမံပေးစေခဲ့ပါတယ်။
ကလေးတွေနဲ့အတူအမှတ်တရဓါတ်ပုံတွေအမှတ်တရစုရိုက်ပြီး ကျောင်းဝန်းထဲလိုအပ်ချက်တွေလိုက်ကြည့်နေစဉ်
ကျောင်းဝန်းနှင့်ကပ်လျက် အိမ်ဝိုင်းထဲမှရွာသားဦးကြီးတစ်ယောက်ထွက်လာပြီး
“ငါ့တူတို့လာမယ်လို့ကြိုမသိလို့ပါကွာ၊ဒီလောက်နဲ့ပဲဧည့်ခံလိုက်ရတာစိတ်မကောင်းပါဘူး”
ဆိုပြီးလက်ထဲကိုခြံထွက်နွားနို့ပူပူလေးနှစ်ပုလင်းအတင်းထိုးထည့်ပေးသွားပါ
တယ်။“တို့ရွာအတွက် ဒီကလေးတွေအတွက်က ဒါမျိုးတစ်ခါမှ ကြုံဘူးသေးတာမပာုတ်ဘူး၊
ငါ့တူတို့ငါ့တူမကြီးတို့ကိုကျေးဇူးအရမ်းတင်လွန်းလို့ပါကွာ၊လက်ခံပါ”
မငြင်းရက်နိုင်စရာမို့အားလုံးရဲ့ကိုယ်စားကြည်နူးစိတ်နဲ့လက်ခံလိုက်ရတဲ့ နွားနို့ပူပူလေးကိုအပြန်ခရီးမှာမျှသောက်ရတဲ့အရာသာကိုတော့ဘယ်သူမှမေ့လိမ်မယ်လို့
မထင်ဘူးဗျ။ကြည်နူးကျေနပ်မှု့ပီတိအစုံစုံ၊ကလေးတွေရဲ့မျှော်လင့်ယုံကြည်သက်ဝန်မှု့
မျက်ဝန်းအစုံစုံ၊တက်ကြွသေချာတဲ့မြန်မာ့လူငယ်ပရပိာတအဖွဲ့ရဲ့ခြေလှမ်းအစုံပာာ ခိုင်ခိုင်မာမာရပ်တည်နေနိုင်ခဲ့ပါပြီ။တတိယခရီးစဉ်အတွက်တက်ကြွမှု့
ခြေလှမ်းမြဲမြံစွာရင်မှာထွေးပိုက်ပြီး မြို့အဝင်ညနေခင်းလေးက သာယာမွေ့လျော်ဖွယ်အတိပေါ့၊လိုအပ်နေတဲ့ကွက်လပ်လေးတွေအတွက် လက်တွဲမဖြုတ်စတမ်း
တတိယမြောက်ခြေလှမ်းလေးမှာပြန်ဆုံကြပါစို့ သူငယ်ချင်းတို့………….


ရေးသားသူး ဗေဒါဇော်

ဒုတိယအကြိမ်လှူဒါန်းမှု့ကိုအောက်ပါအစီအစဉ်အတိုင်းသွားရောက်ကုသိုလ်ယူမှာဖြစ်ပါသည်။

နေ့ရက်
၁၃.၉.၀၉ (တနင်္ဂနွေနေ့)
စုရပ် နေရာများ
TokyoDonut (ပန်းဆိုးတန်း) နံနက် ၈နာရီအရောက်၊
ရွှေ ကဖီး (မြေနီကုန်းပဒုံမာပန်းခြံအနီး)နံနက် ၈:၃၀ မိနစ်အရောက်၊



အားလုံးသော အဖွဲ့ဝင်မန်ဘာများအနေနဲ့ ကျတော်များအဖွဲ့သို့ လိုက်ပါလိုပါက ကြိုတင်စာရင်း
ပေးထားစေလိုပါတယ်။အရေအတွက်ပေါ်မူတည်ပြီးမှ ခရီးစဉ်အတွက် ကားစီစဉ်ရမှာ ဖြစ်ပါတယ်။ဒါကြောင့် အမြန်ဆုံးစာရင်းပေးထားကြပါလို့နိုးဆော်လိုက်ပါသည်။

Tags: လိုက်ပါလိုသူများစာရင်းပေးကြ...

ရိုးရိုးလေးပါ…

Posted by Miki Friday, September 4, 2009 0 comments

တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ၀ရန်တာမှာကျနေတဲ့ အမှိုက်တစ်စကို ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့ အရာရှိက တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။ တစ်ခြားသူ သတိထားနှစ်သက်ဖို့ရာ လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို မွေးမြူတတ်ဖို့ပဲ လိုတယ်။

ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက “ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးက ပြန်ဖြေခဲ့တယ်။ လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲ လိုတယ်။

အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က “ခင်ဗျားဆိုင်က အမြဲထိန်လင်း နေတာပဲ.. ဘာတံဆိပ် မီးချောင်းတွေများ သုံးသလဲ” လို့မေးတော့ သူဌေးက “ဒီမီးချောင်းတွေ ခဏခဏပျက်ပါတယ်။ တစ်လုံးပျက်ရင် တစ်ခုလှဲလိုက်လို့ ခုလိုလင်းနေတာပါ” ပြန်ဖြေခဲ့တယ်။ အမြဲတမ်း ကြည်လင်နေဖို့ဆိုတာ လွယ်ပါတယ်။ မကောင်းတဲ့ အတွေးအခေါ်ဟောင်းတွေကို လှဲပေးဖို့ပဲ လိုတယ်။

ကြက်ကလေးတစ်ကောင်ဟာ ဥက ပေါက်ပေါက်ချင်း အနားကဖြတ်သွားတဲ့ လိပ်တစ်ကောင်ကို တွေ့မိခဲ့တယ်။ အဲဒီနောက် ကြက်ကလေးဟာ ကြီးပြင်းလာတဲ့အထိ ကျောမှာ ဥခွံကိုပဲ ပိုးထားတော့တယ်။ ကြီးလေးတဲ့ အတ္တတွေကို ခွါချပစ်လိုက်ဖို့ရာ လွယ်ပါတယ်။
ခေါင်းမာတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေကို စွန့်ပစ်ဖို့ပဲလိုတယ်။

ရွှေရှာတဲ့အဖွဲ့တစ်ဖွဲ့ဟာ သဲကန္တာရတစ်ခုကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ကြရတယ်။ ဒါပေမယ့် အဖွဲ့ထဲက လူတစ်ယောက်က မပင်မပန်းဘဲ ပျော်ရွှင်နေတာကိုတွေ့တော့ လူတွေက သူ့ကို “ကျွန်တော်တို့ ပင်ပန်းလို့ သေတော့မယ်။ ခင်ဗျားကြည့်ရတာ ပင်ပန်းပုံလဲ မရဘူး” လို့ မေးတော့ “ကျွန်တော်လွယ်ပိုးထားတဲ့ ပစ္စည်းတွေ နည်းလို့ပါ” လို့ သူက ပြန်ဖြေခဲ့တယ်။ ပျော်ရွှင်ဖို့ရာ လွယ်ပါတယ်။ လောဘနည်း၊ လိုချင်တပ်မက်မှုနည်းဖို့ပဲ လိုတယ်။

လူ့ဘ၀မှာလည်း နေပျော်ဖို့ရာ လွယ်ပါတယ်။ တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊ ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊ ချစ်ခင်တတ်ဖို့ပဲ လိုတယ်။

အီးမေးလ်ကရရှိပါတယ်။

လူမုံလာဥ၊ လူကြက်ဥနဲ့ လူလက်ဖက်ခြောက်
တစ်ခါက ဤလောကရဲ့ တစ်နေရာမှာ သားအဖနှစ်ယောက် ရှိလေသတဲ့။
တစ်နေ့မှာ သမီးလုပ်တဲ့သူက ဖအေကို တိုင်တည်တယ်။ သူ့ဘ၀မှာ အဆင်မပြေတာတွေက
များနေတယ်ပေါ့။ ဘာလုပ်လုပ် အဆင်မပြေတာတွေချည်းမို့ အားကပျက်နေပြီး အရာရာကို
လက်လျှော့လိုက်ချင်စိတ်က ပေါက်နေပြီ ဖေဖေရယ်။ တိုက်ရခိုက်ရတာ၊ ရုန်းရကန်ရတာလည်း
သမီးမှာ မောလှပါပြီ။ ပန်းလှပါပြီရှင်။ ပြဿနာတစ်ခု ပြေလည်သွားလို့မှ
မနားရသေးဘူး၊ နောက်ထပ် ပြဿနာတစ်ခုက ထပ်တက်လာနဲ့၊ ဘ၀ဆိုတာ ဒုက္ခတွင်းကြီးထဲ
စောက်ထိုးဆင်းနေရသလိုပါပဲ ဖေဖေရယ်။ သမီးတော့ စိတ်ညစ်တယ်။
လူတောင်ဆက်မလုပ်ချင်တော့ဘူး ဘာညာစသဖြင့် ဖအေကို တိုင်တည်ရင်း ညည်းရှာတယ်။

ဖအေလုပ်တဲ့သူက စားဖိုမှူးကြီးပါ။
သမီးကလည်း အဲသလို ညည်းညူတိုင်တည်လာရော ဖအေက ဘာမပြောညာမပြောနဲ့ သမီးကို
လက်ဆွဲပြီး မီးဖိုချောင်းထဲ ခေါ်သွားတယ်တဲ့။ ပြီးတော့ အိုးသုံးလုံးထဲကို
ရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာ တည်လိုက်တယ်။ မကြာပါဘူး၊
မီးတွေကပြင်းတော့ သုံးအိုးစလုံးထဲက ရေတွေ ပွက်ပွက်ဆူလာတော့တာပေါ့။
ရေနွေးလည်းဆူရော ဖအေလုပ်တဲ့သူက တစ်အိုးထဲကို မုံလာဥတွေထည့်၊ နောက်တစ်အိုးထဲကို
ကြက်ဥတွေထည့်၊ နောက်တစ်အိုးထဲကိုကျတော့ လက်ဖက်ခြောက်တွေ ထည့်လိုက်ပါတယ်။
ပြီးတော့ အိုးတွေကို သည်အတိုင်း ဆက်တည်ထားလိုက်တယ်။ စကားတော့
တစ်လုံးမှာမပြောဘူး။
သမီးလုပ်တဲ့သူက ဖေဖေ့နှယ် ဘာတွေများလုပ်နေပြန်တာလဲလို့တွေ

းရင်း
စိတ်ကတယ်မရှည်ချင်ဘူး။ ဒါပေမယ့် ဘာကိုမဆိုအကြောင်းမဲ့ မလုပ်တတ်တဲ့
ဖအေ့အကြောင်းကို သိထားတော့ အံကလေးတင်းရင်း စိတ်မရှည်စွာနဲ့ပဲ
စောင့်နေရပါတော့တယ်။
ဆယ်မိနစ်လောက်ကြာတော့ ဖအေလုပ်တဲ့သူက မီးသုံးဖိုစလုံးကို သတ်လိုက်ကြီး
ပထမအိုးထဲက မုံလာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့်တယ်၊ နောက်တစ်အိုးထဲက
ကြက်ဥတွေကိုလည်း ဆယ်ပြီး တစ်ခြားပန်းကန်တစ်လုံးထဲထည့်တယ်။ နောက်ဆုံးအိုးထဲက
လက်ဖက်ရည်ကြမ်းတွေကိုလည်း ပန်းကန်တစ်လုံးထဲထည့်တယ်။ ပြီးတော့မှ သမီးဘက်
လှည့်တဲ့ပြီး မေးလိုက်တယ်။
“ကဲ…သမီးလေးရေ၊ ဒါတွေက ဘာတွေလဲ…”
“မုံလာဥပြုတ်ရယ်၊ ကြက်ဥပြုတ်ရယ်၊ ရေနွေးကြမ်းရယ်ပါ ဖေဖေ”
သမီးက အဲလိုဖြေလိုက်တော့ ဖအေက သမီးကို သူ့နားလာခိုင်းပြီး မုံလာဥတွေကို
စမ်းခိုင်းတယ်၊ သမီးက ဖအေခိုင်းတဲ့အတိုင်း မုံလာဥပြုတ်တွေကို ဇွန်းနဲ့
ထိုးကြည့်လိုက်ပြီးတဲ့နောက် “ဖေဖေ့ မုံလာဥတွေကလည်း
ပျော့ပြဲနေပြီ…”လို့ပြောလိုက်ပါတယ်။
ဖအေက သမီးစကားကို အမှုမထားဘဲ ကြက်ဥပြုတ်တစ်လုံးကို ယူပြီး သမီးကို
ခွဲခိုင်းပြန်တယ်၊ အပေါ်က အကာကိုခွါလိုက်တဲ့အခါမှာတော့
ကောင်းကောင်းကြီးကျက်နေပြီးဖြစ်တဲ့ ကြက်ဥပြုတ်ပေါ့။
နောက်ဆုံးမှာတော့ ရေနွေးကြမ်းကို မြည်းကြည့်ဖို့ ဖအေက ခိုင်းလိုက်ပြန်တယ်။
သမီးလုပ်တဲ့သူက ပြုံးလိုက်ရင်းကနေ ဖအေခိုင်းတဲ့အတိုင်း
အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးကြမ်းပူပူကို တဖူးဖူးမှုတ်လို့
မြည်းလိုက်ရပါတယ်။ အင်မတန်မွှေးပျံ့ပြီး အရသာရှိတဲ့
လက်ဖက်ရည်ကြမ်းဖြစ်နေတာကိုလည်း သတိထားလိုက်မိတယ်။
“ဖေဖေ ဘာကို ပြောချင်တာလဲဟင်….”
လက်ဖက်ရည်ကြမ်းကို အရသာခံရင် သမီး မအောင့်နိုင်တော့ဘဲ မေးလိုက်မိပါတော့တယ်။
ဖအေက ရှင်းပြတယ်။
“မုံလာဥရယ်၊ ကြက်ဥရယ်၊ လက်ဖက်ခြောက်ရယ်ဆိုတဲ့ မတူတဲ့ အရာသုံးမျိုးဟာ တူညီတဲ့
ဒုက္ခဖြစ်တဲ့ ရေနွေးပူပူထဲမှာ တစ်ပြိုင်းတည်း၊ တစ်ညီတည်း
ထည့်အပြုတ်ခံခဲ့ရတာချင်းအတူတူ တုံ့ပြန်ပုံချင်းကျတော့ မတူဘူးလေ သမီးရဲ့။
“မုံလာဥဟာ ရေနွေးပူထဲ မရောက်ခင်တုန်းကတော့ သန်သန်မာမာ၊
တောင့်တောင့်တင်းတင်းကြီးရယ်၊ အဲ…ဒါပေမယ့် ရေနွေးနဲ့လည်း အပြုတ်ခံလိုက်ရရော
တစ်ခါတည်းကို ပျော့ဖတ်ပြီး ချိနဲ့သွားတော့တာပဲ…”
“ကြက်ဥကကျတော့ ရေနွေးထဲမရောက်ချင်က အထိမခံဘူး။ ထိလိုက်တာနဲ့ ဖတ်ခနဲကွဲမှာ
အသေအချာနော်။ အပေါ်ခွံပါးပါးလေးက အထဲက အရည်ကြည်ပျော့ဖတ်ဖတ်လေးတွေကို ကာရံထားရတဲ့
အနေအထားပေါ့။ ဒါပေမယ့် ရေနွေးဆူဆူထဲမှာလည်း ကြာကြာလေး နေလိုက်ရရော
အဲသည်ပျော့အိအိအတွင်းသားတွေအားလုံး မာကုန်တာပဲ မဟုတ်လား သမီးရဲ့…”
“အေး…လက်ဖက်ခြောက်ကတော့ တစ်ဘာသာပဲ။ ရေနွေးပွက်ပွက်ထဲလည်း ရောက်သွားရော
အဲသည်ပွက်ပွက်ဆူနေတဲ့ ရေကိုပါ လက်ဖက်ရည်အဖြစ် ပြောင်းလဲ ပစ်လိုက်တယ်…”
“ကဲ..အမေ့ သမီးကရော ဘာလဲ၊ မုံလာဥလား၊ ကြက်ဥလား၊ လက်ဖက်ခြောက်လား၊
လောကဓံဆိုတာတော့ လူတိုင်းရင်ဆိုင်ကြရတာပဲ သမီး။ အဲသည် လောကဓံနဲ့ နဖူးတွေ့၊
ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါမှာ သမီးက ဘယ်လိုတုံ့ပြန်လိုက်ချင်သလဲ။ မုံလာဥလို
တုံ့ပြန်မလား၊ ကြက်ဥလို တုံ့ပြန်မလား၊ လက်ဖက်ခြောက်လို တုံ့ပြန်မလား
သမီးဘာသာစဉ်းစား ပေတော့ကွယ်…”
ပုံပြင်လေးကတော့ ဒါပါပဲ။
စာဖတ်သူ သူငယ်ချင်းကရော ဘယ်လိုပါလဲ။
အပြင်ပန်းအမြင်မှာတော့ မုံလာဥလို မာမာကျောကျော တောင့်တောင့် တင်းတင်းကြီးနဲ့၊
လောကဓံနဲ့ တကယ်တမ်းရင်ဆိုင်ရတဲ့ အခါကျရင်တော့ ပျော့ခွေနွမ်းရိပြီး
အားကုန်သွားမယ့် လူစားမျိုးပါလား။
ဒါမှမဟုတ် ကြက်ဥလို လူစားလား၊ အစတုန်းကတော့ ထိလွယ် ရှလွယ်တယ်၊ စိတ်ကလည်း
ပျော့တယ်၊ ဒါပေမယ့် သေခြင်းတရားလို၊ ရှင်ကွဲ ကွဲတာလို၊ စီးပွားရေးစသည်
ချွတ်ခြုံကျတာလို ကြမ္မာဆိုးတစ်ခုခုကို အပြင်းအထန် ခံစားရပြီးတဲ့ နောက်မှာတော့
နင်လားဟဲ့….လောကလဓံဆိုတဲ့ စိတ်ဓာတ်၊ ထီမထင်တဲ့ စိတ်ဓာတ်နဲ့ မာကျောကျော၊
တောင့်တင်းတင်းကြီး ဖြစ်သွားမယ့် လူစားမျိုးလား၊ မပြုတ်ခင် ကြက်ဥနဲ့
ပြုတ်ပြီးသား ကြက်ဥလိုပဲ၊ အပြင်ပန်းအမြင်မှာ သိပ်မကွာလှပေမယ့် အတွင်းမှာ
ခါးသီးမာကျောနေတဲ့ နှလုံးသားနဲ့ လူစားမျိုး ဖြစ်နေမှာလား။
ဒါမှမဟုတ် စာဖတ်သူ သူငယ်ချင်းဟာ လက်ဖက်ခြောက်လို လူမျိုးလား။ ရေပူကိုပေမယ့်
အသွင်ပြောင်းပေးနိုင်တာမျိုးလေ၊ လက်ဖက်ခြောက်ဆိုတာက ရေနွေးဆူလေလေ၊ ပွတ်လေလေ
လက်ဖက်ရည် အရသာကောင်းလေလေပေါ့။ လက်ဖက်ခြောက်လို လူဆိုတာကလည်း ဒုက္ခသုက္ခတွေ
အရှိန်တက်လေလေ အရည်အချင်းတွေ ပိုရှိလာလေဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက်
ပိုကောင်းတဲ့အခြေနေကို ဖန်းတီးပေးနိုင်သူ ဖြစ်နေပါလိမ့်မယ်။
ကဲ….ဒီစာဖတ်သူ သူငယ်ချင်း လောကဓံကို ဘယ်လိုရင်ဆိုင်မယ် စိတ်ကူးပါသလဲ။
ကိုယ့်ဘာသာ ဆင်ခြင်ပိုင်းဖြတ်လိုက်ကြရုံပါပဲ။

အီးမေးလ်ထဲကရတာဖြစ်ပါတယ်

ဓာတ်ပုံ

ဓာတ်ပုံ

Slide Show

အလှူရှင်များစာရင်း

မတည်အလှုရှင်
ဒူဘိုင်းရောက်ရွှေမြန်မာများ........................၆၀၀၀၀၀ ကျပ်
ဆက်ဝေ ..............(စကာင်္ပူ).......................၅၀၀၀၀ ကျပ်
အိအိသူ...............(ဂျပန်).............................၂၀၀၀၀ ကျပ်

၁။အောင်ဇေယျာမင်း.....(တောင်ဥက္ကလာ) .. ၆၀၀၀ ကျပ်
၂။ကျော်မင်းဝင်း.....(ကျောက်တံတား).........၆၀၀၀ ကျပ်
၃။ရန်နောင်စိုး..........(ကမာရွတ်).................. ၆၀၀၀ ကျပ်
၎။ဗေဒါဇော်...........(ယုဇနဥယျာဉ်မြို့တော်)...၆၀၀၀ ကျပ်
၅။အောင်အာကာ.........(ရန်ကင်း)................. ၆၀၀၀ ကျပ်
၆။အဏ္ဍဝါဦး...........(စမ်းချောင်း)................... ၆၀၀၀ ကျပ်
၇။အာကာငြိမ်း........(ကမာရွတ်).................... ၆၀၀၀ ကျပ်
၈။ခိုင်ဝင့်ဆွေ...........(ကမာရွတ်)...................၆၀၀၀ ကျပ်
၉။ခိုင်ဇင်သော်.........(ရန်ကင်း)......................၆၀၀၀ ကျပ်
၁၀။ပြည့်ဖြိုးအောင်.........(လှည်းတန်း)............၆၀၀၀ ကျပ်
၁၁။ပာန်သူမင်း..........(ဆင်မလိုက်)................၆၀၀၀ ကျပ်
၁၂။မေသူအောင်.........(ကမာရွတ်)..................၆၀၀၀ ကျပ်
၁၃။ကျော်ထွဋ်.........(လမ်း ၅၀).......................၃၀၀၀ ကျပ်
၁၄။မင်းသခင် .................................................၅၀၀၀ ကျပ်
၁၅။ ညီညီဇော်................................................၅၀၀၀ ကျပ်
၁၆။ ဖြူဖြူဝင်း..............................................၁၀၀၀၀ ကျပ်
၁၇။အမောင်....................ဒဂုံမြောက်ပိုင်း။
၁၈။ရဲမာန်ဦး..........(တပ်ကုန်းမြို့)..................၁၅၀၀၀ ကျပ်
၁၉။ကျော်ဇောအောင်..(ယုဇနဥယျာဉ်မြို့တော်).၄၀၀၀ ကျပ်
၂၀။ Htmm ......(ယုဇနဥယျာဉ်မြို့တော်) ....၃၀၀၀ ကျပ်

ဧည့်မှတ်တမ်း (၀င်ရေးသွားပါ)

နောက်ဆုံးတင်ထားသော Post များ

အပျင်းပြေကစားဖို့ပါ

သင်ဘယ်လောက်အလှူလုပ်ဖြစ်ပါသလဲ