သီတင်းကျွတ်လပြည့်နေ့ ဆီမီးပူဇော်ပွဲ ဓာတ်ပုံများ ကို ဓာတ်ပုံကဏ္ဍတွင် ၀င်ရောက်ကြည့်ရှု့နိုင်ပါပြီ...

ရိုးရိုးလေးပါ…

Posted by Miki Friday, September 4, 2009

တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ၀ရန်တာမှာကျနေတဲ့ အမှိုက်တစ်စကို ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့ အရာရှိက တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။ တစ်ခြားသူ သတိထားနှစ်သက်ဖို့ရာ လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို မွေးမြူတတ်ဖို့ပဲ လိုတယ်။

ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက “ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးက ပြန်ဖြေခဲ့တယ်။ လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲ လိုတယ်။

အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က “ခင်ဗျားဆိုင်က အမြဲထိန်လင်း နေတာပဲ.. ဘာတံဆိပ် မီးချောင်းတွေများ သုံးသလဲ” လို့မေးတော့ သူဌေးက “ဒီမီးချောင်းတွေ ခဏခဏပျက်ပါတယ်။ တစ်လုံးပျက်ရင် တစ်ခုလှဲလိုက်လို့ ခုလိုလင်းနေတာပါ” ပြန်ဖြေခဲ့တယ်။ အမြဲတမ်း ကြည်လင်နေဖို့ဆိုတာ လွယ်ပါတယ်။ မကောင်းတဲ့ အတွေးအခေါ်ဟောင်းတွေကို လှဲပေးဖို့ပဲ လိုတယ်။

ကြက်ကလေးတစ်ကောင်ဟာ ဥက ပေါက်ပေါက်ချင်း အနားကဖြတ်သွားတဲ့ လိပ်တစ်ကောင်ကို တွေ့မိခဲ့တယ်။ အဲဒီနောက် ကြက်ကလေးဟာ ကြီးပြင်းလာတဲ့အထိ ကျောမှာ ဥခွံကိုပဲ ပိုးထားတော့တယ်။ ကြီးလေးတဲ့ အတ္တတွေကို ခွါချပစ်လိုက်ဖို့ရာ လွယ်ပါတယ်။
ခေါင်းမာတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေကို စွန့်ပစ်ဖို့ပဲလိုတယ်။

ရွှေရှာတဲ့အဖွဲ့တစ်ဖွဲ့ဟာ သဲကန္တာရတစ်ခုကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ကြရတယ်။ ဒါပေမယ့် အဖွဲ့ထဲက လူတစ်ယောက်က မပင်မပန်းဘဲ ပျော်ရွှင်နေတာကိုတွေ့တော့ လူတွေက သူ့ကို “ကျွန်တော်တို့ ပင်ပန်းလို့ သေတော့မယ်။ ခင်ဗျားကြည့်ရတာ ပင်ပန်းပုံလဲ မရဘူး” လို့ မေးတော့ “ကျွန်တော်လွယ်ပိုးထားတဲ့ ပစ္စည်းတွေ နည်းလို့ပါ” လို့ သူက ပြန်ဖြေခဲ့တယ်။ ပျော်ရွှင်ဖို့ရာ လွယ်ပါတယ်။ လောဘနည်း၊ လိုချင်တပ်မက်မှုနည်းဖို့ပဲ လိုတယ်။

လူ့ဘ၀မှာလည်း နေပျော်ဖို့ရာ လွယ်ပါတယ်။ တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊ ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊ ချစ်ခင်တတ်ဖို့ပဲ လိုတယ်။

အီးမေးလ်ကရရှိပါတယ်။

0 comments

Post a Comment

မြန်မာလူငယ်ပရဟိတအဖွဲ့ 

မြန်မာလူငယ်ပရဟိတအဖွဲ့ 

စတုတ္ထအကြိမ်လှူဒါန်းမှုမှတ်တမ်းဓါတ်ပုံများ..

စတုတ္ထအကြိမ်လှူကုသိုလ်ရှင်များစာရင်း....

စတုတ္ထအကြိမ်တွက်လှူဒါန်းမှုကုသိုလ်ရှင်များစာရင်း....

မတည်အလှူရှင်
ဒူဘိုင်းရောက်ရွှေမြန်မာများမှ..... -၁၁၈၀၀၀၀ ကျပ်
agnoremay ၁၀၀၀၀၀ ကျပ်
စိုင်းစိုင်း ၂၀၀၀၀ ကျပ်
tune ၆၀၀၀ ကျပ်
အမောင် ၃၅၀၀၀ ကျပ်
အောင်ငွေ ၃၀၀၀ ကျပ်
အောင်ကြီး ၁၂၀၀၀ ကျပ်
နောင်နောင် ၁၂၀၀၀ ကျပ်
အာကာငြိမ်း ၁၂၀၀၀ ကျပ်
ဗေဒါဇော် ၁၂၀၀၀ ကျပ်
တာတီး ၁၂၀၀၀ ကျပ်
ကိုအောင်အောင်+မမေဇွန် ၃၀၀၀ ကျပ်
ကိုအောင်ပြည့်စုံ ၁၀၀၀ ကျပ်
ယုမာလာကျော်+မေဖြိုးသက် ၁၀၀၀၀ ကျပ်
မဖြူဖြူဝင်း ၆၀၀၀ ကျပ်
ကိုမိုးကျော်+မအေးသူဇာ ၃၀၀၀ ကျပ်
ဖြူနှင်းသွယ် ၅၀၀ ကျပ်
ဦးသက်တင်မိသားစု ၁၀၀၀ ကျပ်
မထက်ထက်အောင် ၁၀၀၀ ကျပ်
ကျော့စုမွန် ၂၀၀ ကျပ်
ဦးအောင်ကျော်ဝင်း+ဒေါ်နန်းစိန်လေး ၁၀၀၀ ကျပ်
မကျော့ကေခိုင် ၅၀၀ ကျပ်
မအိအိခိုင်ဇော် ၁၀၀၀ ကျပ်
လှိုင်မျိုးအေး ၅၀၀ ကျပ်
မအိအိမြင့် ၁၀၀၀ ကျပ်
ဝင်းကိုကို ၂၀၀ ကျပ်
ဇာခြည်+မာလာ+ရည်လဲ့သီ ၇၀၀ ကျပ်
ရဲကိုကိုထက် ၁၀၀၀ ကျပ်
စောဗစ်တာ ၁၀၀၀ ကျပ်
မိုးကျော်သူ ၅၀၀ ကျပ်
ခက်ပွင့်ခိုင် ၅၀၀ ကျပ်
ဝေမိုးမြင့် ၁၀၀၀ ကျပ်
ခိုင်ထူးသော် ၅၀၀ ကျပ်
ဇွဲထက် ၁၀၀၀ ကျပ်
ဖြိုးမင်းထွန်း ၅၀၀ ကျပ်
ဟေမာစိုး ၅၀၀ ကျပ်
ခင်မိမိလွင် ၅၀၀ ကျပ်
မေမိုးဦး ၅၀၀ ကျပ်
စမ်းသီတာလှိုင် ၅၀၀ ကျပ်
လတောင် ၁၀၀၀ ကျပ်
ကျော်စွာလွင် ၅၀၀ ကျပ်
ထက်မွန်သော် ၁၀၀၀ ကျပ်
ဦးဇင်မင်းအောင် ၁၀၀၀ ကျပ်
မျိုးမင်းလတ် ၂၀၀ ကျပ်
နေခြည်ဝင်း ၁၀၀၀ ကျပ်
စိုင်းကောင်းခမ်း ၅၀၀ ကျပ်
ကိုစွမ်း+သဉ္ဖာ ၁၀၀၀ ကျပ်
ဦးဘအုန်း+ဒေါ်အေးကြည် ၂၀၀၀ ကျပ်
သဲမွန်ဆုလှိုင် ၁၀၀၀ ကျပ်
ဇွန်ပန်း ၅၀၀ ကျပ်
ထက်နိုင်ဖြိုး ၃၀၀ ကျပ်
သက်ပိုင်+ပန်းချီ ၁၀၀၀ ကျပ်
ဦးမျိုးအောင်+ဒေါ်ခင်မို့  ၁၀၀၀ ကျပ်
ဦးဝင်းတင်+ဒေါ်စုတင် ၁၀၀၀ ကျပ်
ဇော်သန်းဦး ၁၀၀၀ ကျပ်
ဆွီ ၅၀၀ ကျပ်
ကိုတာတီး+မမေ၀င်း ၁၀၀၀ ကျပ်
မောင်ရာဇာ ၁၀၀၀၀ ကျပ်
ထက်ထက်လွင် ၁၀၀၀၀ ကျပ်
ဦးတင်မြင့်+ဒေါ်ဝင်းဝင်း ၁၀၀၀၀ ကျပ်
မခင်စောနု ၄၀၀၀ ကျပ်
မခင်မြင့် ၁၀၀၀ ကျပ်
မနှင်းဇာတင် ၁၀၀၀ ကျပ်
မချောစု ၂၀၀၀ ကျပ်
မစိတ်ယု ၁၀၀၀ ကျပ်
ကိုသိန်းလွင် ၃၀၀၀ ကျပ်
ပီးပီး ၁၃၀၀၀ ကျပ်
မဖြိုးမာမာအောင် ၁၀၀၀ ကျပ်
ဦးလွင်ဦး ၃၀၀၀ ကျပ်
ကိုဇောရှိန်း ၁၀၀၀ ကျပ်
ဦးညွန့် ၀င်း ၂၀၀၀ ကျပ်
ဦးမျိုးတင့် ၃၀၀၀ ကျပ်
ကိုအောင်ကိုကိုလှ ၁၀၀၀ ကျပ်
မရူပါသွယ်+မသိင်္ဂီ ၅၀၀ ကျပ်
မမိုးစက်ပွင့် ၁၀၀၀ ကျပ်
မခိုင်ခိုင်လွင်+ကိုနိုင်လင်းဦး ၁၀၀၀ ကျပ်
ကိုမျိုး+မယုယုနိုင် ၁၅၀၀ ကျပ်
မသင်းသင်းထက် ၁၀၀၀ ကျပ်
မနွယ်နွယ်ထွန်း ၁၀၀၀ ကျပ်
ဦးအောင်သန်း ၁၀၀၀ ကျပ်
မမြမွှေးကြည်+မမောင်ဦး ၁၀၀၀ ကျပ်
မခင်ခင်မော် ၁၀၀၀ ကျပ်
ဒေါ်ခင်မြတ်သူမိသားစု ၅၀၀ ကျပ်
ဒေါ်တင်မြင့်မိသားစု ၅၀၀၀ ကျပ်
မမေသူ+မငုဝါလှိုင်မိုး ၂၀၀၀ ကျပ်

ဧည့်မှတ်တမ်း (၀င်ရေးသွားပါ)

နောက်ဆုံးတင်ထားသော Post များ

အပျင်းပြေကစားဖို့ပါ

သင်ဘယ်လောက်အလှူလုပ်ဖြစ်ပါသလဲ